ဆော့ဂျင် လမ်းထိပ်ကိုကြည့်ရင်း ကျောထဲစိမ့်သွားသည်...
ည၆နာရီကျော်လောက်ပဲ ရှိသေးပေမဲ့ ဒီနေ့မှမိုးက ခပ်အုံ့အုံ့မို့ ခါတိုင်းထက်ကို ပိုမှောင်နေသည်.. ၇နာရီမှလာမည့် လမ်းမီးများကလဲ မလင်းသေးပေ...
ကျောင်းစာကြည့်တိုက်မှ ငှားလာသည့် စာအုပ်အတော်ထူထူကို လက်မှာပိုက်ရင်း ကျောပိုးအိတ်ကို မနိုင့်တနိုင်ပိုးကာ သူဦးတည်နေတာက လမ်းမတန်းမှ Taxi တားလို့ရမဲ့နေရာ... အိမ်ကလာကြိုတဲ့ကား လမ်းမှာပျက်သွားတယ်ဆိုလို့...
ထိုစဥ်...
ကျွီ !!
သူ့နား ရုတ်တရက်ထိုးရပ်လာသော ကားနက်ကြီး ဘေးတံခါးပွင့်သွားသည်ကို သူကြောင်ပီးကြည့်နေစဥ် ကားပေါ်မှ လူထွားထွားကြီး၂ယောက် ဆင်းလာသည်...
ခံစားချက်တွေ ကောင်းမနေသောကြောင့် သူနောက်ဆုတ်နောက်ဆုတ်ဖြင့် လျှောက်နေစဥ် ပိုက်ထားသောစာအုပ်ပင် လွတ်ကျသွားသည်...
ပြေးတော့ ကင်မ်ဆော့ဂျင်ရေ... ဘာငြားငြားအရင်ပြေး...
မသိစိတ်မှ လှုံ့ဆော်မှုတခုကြောင့် ကျသွားသောစာအုပ်ကိုပင် ပြန်မကောက်နိုင်တော့ပဲ ဆော့ဂျင် နောက်ကြောင်းပြန်လှည့်ပြေးလေသည်...
သို့သော်လည်း...
အု !!
ပါးစပ်နှင့်နှာခေါင်းကို လာအုပ်သော လက်ကိုင်ပ၀ါတခု၏ အထိအတွေ့နှင့်အတူ စိမ်းရွှေရွှေ အနံ့အသက်...
အသိစိတ်မလွတ်သွားခင် သူတွေးလိုက်မိတာက ဒီလူ၀၀ကြီးတွေ သူတို့ကိုယ်လုံးကြီးတွေနဲ့ ဘယ်လိုများ မြန်မြန်ပြေးလိုက်လာပါလိမ့်လို့...
~~~~~~~~~~~××××××××××~~~~~~~~~~~
"ကျွန်တော်တို့ပြန်ရောက်ပါပီအရှင်ဂျောင်ကု"
တံခါးခေါက်သံတိုးတိုးနှင့်အတူ နောက်ဆက်တွဲ ကြားလိုက်ရသော သူ့လူယုံ၏အသံကြောင့်..
"၀င်ခဲ့"
အခန်းထဲသို့ ဦးဆောင်၍၀င်လာသော သူ့လူယုံ၏နောက်တွင် လိုက်ပါလာသောနောက်လိုက်တစ်ဦး၏ ပခုံးပေါ်၌ ပိန်ရှည်ရှည် ကောင်လေးတယောက်...
YOU ARE READING
𝐇i𝐝e i𝐧 𝐭h𝐞 𝐦o𝐨n𝐥i𝐠h𝐭 [one-shot/kookjin] ✅
Fanfictionလရောင်အောက်မှာပဲအမြဲပုန်းကွယ်နေခဲ့တဲ့Vampireကြီးဟာလူသားတစ်ယောက်ကိုဖမ်းလာပီးတဲ့နောက်....