(1)💚

490 38 6
                                    

-

-

-
-

"တောင်းပန်ပါတယ် စီအီးအိုရယ် ။ကျွန်တော် ကျ်ိန်းသေပေါက်ပြန်ဆပ်မှာပါဗျာ....ချမ်းသာပေးပါ....။

Markဆိုဖာပေါ်က ထရပ်လိုက်ကာ၊ဒူးထောက်တောင်းပန်နေတဲ့လူရှေ့ခြေဆုံရပ်ရင်း ၊ထိုလူမျက်နှာနဲ့နီးရာထိ ခါးကိုညွှတ်ကိုင်းလိုက်ပြီး မျက်လုံးချင်းဆုံစေလိုက်သည်။

"အိုး... ခဗျား အဲ့လိုပြောပြီးအချ်ိန်ဆွဲလာတာ....တစ်လ တိတိရှိနေပြီလေ အင်ထယ်ယောင်းရှီ။ခဗျားယူထားတာ တစ်ပြားနှစ်ပြားမဟုတ်ဘူးနော် ၊ 2 Mတောင်ရှိတာလေ အဟက်။

ပြောပြီးသည်နှင့်Min Hyung ခါးကိုမတ်လိုက်ကာ၊ထိုလူအားကျောပေးရပ်လိုက်ရင်း ဆေးလိပ်ကိုမီးဖွာပြီးအငွေ့များအားမှုတ်ထုတ်လိုက်သည်။

"အချိန် နောက်2ရက်ထပ်ပေးမယ်။ အဲ့အချိန်ထိ မဆပ်နိုင်ရင် ခဗျားကျောက်ကပ်နဲ့..အတွင်းကလီစာတွေ မျက်လုံးတွေဖောက်ရောင်းပစ်ရလိမ့်မယ်နော်...။

"ဗျာ!!"

ထိုစကားပြောအပြီး ထယ်ယောင်း နောက်နားက မိမိလူများအားမျက်စပစ်ပြတော့၊ထယ်ယောင်းအား ဂျိုင်းကနေ တစ်ယောက်တစ်ဖက်စီ မ ကာ သယ်ထုတ်သွားကြလေသည်။လမ်းတလျှောက် ထိုလူတောင်းပန်သံတွေမှာ အခန်းတွင်းပဲ့သံပင်ထပ်လို့နေလေရဲ့...။

Min Hyung သက်ပြင်းချကာ၊ဖုန်းထုတ်၍ နံပါတ်တစ်ခုအားခေါ်တော့ တစ်ဖက်ကဖြေကြားလာလေသည်။

"အမိန့်ရှိပါ ၊သခင်ကြီး"!

"ငါ လိုက်ခိုင်းထားတဲ့လူအကြောင်း...သတင်းရပြီလား?"

"ဟုတ်ကဲ့ ၊ ကျွန်တော် မျက်ချေမပြတ်စောင့်ကြည့်ဖို့ လူလွှတ်ထားပါတယ် Boss!"

"ကောင်းပြီ ခနနေကျ သူ့ကိုငါ့ဆီလာတွေ့ခိုင်းလိုက်"!

"ဟုတ်ကဲ့ Boss"

ပြောပြီးသည်နှင့် ဖုန်းချကာ၊Min Hyung လည်ပင်းက နတ်ကတိုင်အားဖြေလျော့လိုက်သည်။ထိုစဥ်မိမိဆီလျှောက်လမ်းလာတဲ့ ခြေသံ​ပါးပါးကြောင့် လက်ထဲက စီးကရက်အား ဆေးလိပ်ပြာခွက်ထဲ ဖိချေလိုက်ကာ၊မိမိပါးစပ်က ဆေးလိပ်နံ့ပျောက်စေရန် ပီကယ်အားထုတ်ဝါးလိုက်သည်။မကြာပင် ခြေလှမ်းပိုင်ရှင်လေးက အခန်းထဲရောက်လို့လာသည်။အသားရောင်တီရှပ်လက်ရှည်ကိုကြယ်သီး2လုံးခန့်ဖြုတ်ကာဝတ်ဆင်ပြီး၊Style pantအနောက်ဖြင့်တွဲဖက်ကာဝတ်ဆင်ထားတဲ့ ရွမ်ကျွင့်က နာမည်ကြီးအဆိုတော်၊သရုပ်ဆောင်မှန်းလုံးဝသိသာ၍နေသည်။မိမိအနားရောက်သည်နှင့် သူ့နှာခေါင်းနားအားလက်ဖြင့်ရမ်းကာ ငြူဆူသောအကြည့်ဖြင့်ကြည့်လာပြီး....

☘️Beautiful Pain☘️ Where stories live. Discover now