အပိုင်း တစ်

15 0 0
                                    




ကတောင်...

ရုတ်ချည်းဝင်ရောက်လာသည့် မက်ဆေ့ချ်ဝင်သံတစ်ခုကြောင့် လူတစ်ဦး(တစ်နည်း လူငယ်တစ်ယောက်၊ ဆံပင်ခပ်ဖွဖွဖြင့်အသားညိုညို၊ ဝတ်တာကြာ၍လော... လမ်းဘေထုပ်ဖြစ်သည်လော မသိရသည့် Versity တစ်ပတ်နွမ်းတစ်ထည်အား ခပ်မိုက်မိုက်ဖြစ်နေသည့်အထင်ဖြင့် ဝတ်ဆင်ထားသည့် ခပ်ကြောင်ကြောင်ကောင်လေးတစ်ဦး)သည် ဖုန်းအား လျင်မြန်စွာ ကြည့်ရှုလိုက်၏။

"ဆျာ ဟိုနာဇီကွန်က ပွဲတောင်းနေတယ်၊ ဆျာမှာထားသလို တဗဲ့ ကောမန့်မှာ လည်း ဖြဲပြီးပြီး၊ ဝိုင်းဆဲဖို့ လူလည်းစုထားပြီ၊ မက်ဆင်ဂျာ ဂရုတစ်ခုလည်း ဖွဲ့ထားပြီးပြီ၊ ဟိုကောင်ကလည်း သူ့လူတွေခေါ်လာပြီး ဒီဘိတ်မယ် တော့ပစ်(ခေါင်းစဉ်) ရွေးခိုင်းနေတယ်။ အဲ့တာ လာပါဦး"

ဟူသော စာမတိုမရှည် တစ်စောင်အားတွေ့ရှိခဲ့သည်။

ထိုအချိန်၌ ဤလူငယ်သည် တောက်ပသောမျက်လုံးများဖြင့်

"အေးတဗဲ့ မနိုင်ရင် အောက်လုံးသုံးဖို့အတွက်အကွက်စေ့တယ်။ ဂရု နာမည်ကိုရော နာဇီခွေးများအား ရိုက်ရာ ဌာနလို့ ပေးလိုက်ဦး ထည့်လိုက်တော့ ဆျာ ဝင်ခဲ့မယ်။" ဟူသောစာအား လျင်မြန်စွာ ရိုက်လိုက်သည်။

ဤသို့သော လူငယ်များသည် ယခင် ၂၀၁၇ လောက်ကပင် ကြီးစိုးနေခဲ့သည် ဆိုရှယ်မှ ကီးဘုတ်ဖိုက်တာများဖြစ်ကြသည်။ ပုံမှန်သိနေကြ ကီးဘုတ်ဖိုက်တာများ မှာ အဆင့်တန်းရှိရှိ စကားရည်လုကြခြင်းသာ ဖြစ်သော်လည်း ယခုကဲ့သို့ လူငယ်များမှာမူ မနိုင်လျှင် ဝိုင်းဆဲတတ်ကြသော ကီးဘုတ်ဖိုက်တာများဖြစ်သည်။ ထိုကဲ့သို့သော အောက်အတန်းစား ကီးဘုတ်ဖိုက်တာများကို ယနေ့ခေတ်စကားဖြင့် ဆိုပါက "ကွန်ကြောင်၊ ဂန်းကြောင်"များလို့ခေါ်ကြတတ်ပါသေးသည်။ ယနေ့မျက်မှောက်ခေတ်တွင် စတီဖင်ဟော့ကင်းကဲ့သို့သော ပညာရှိလူငယ်များအလွန်ပေါများလာသည့်ဟန်ရှိ ပြီး ယခုကဲသို့ "ကွန်ကြောင်ကောင်လေး"များသည် ဆိုရှယ်တွင် သိသမျှတတ်သမျှ(တစ်နည်း ဂူးဂဲလ်မှရှာဖွေတွေ့ရှိထားခြင်းများ သို့တည်းမဟုတ် ၎င်းတို့မနိုင်၍ အုပ်လိုက်ဝိုင်းဆဲခဲ့သူများထံမှ မှတ်ယူထားသော အချက်အလက်များ) အား အာပေါင်အာရင်း သန်သန် စာပြိုင်စီကြသူများ ဖြစ်ကြ ပြန်၏။ မွေးရကျိုးနပ်လွန်းလှသည်ဟုပင် ဆိုရမည်လော၊ ယခုကဲ့သို့ ပညာဖြင့် မိဘကျေးဇူးဆပ်နိုင်ရန်ကြိုးစားနေသူများမှာ စကိတ်စီးခြင်း၊ ဓာတ်ပုံအား ခေါင်းငုံ့၍ ဓာတ်ဖမ်းခြင်းနှင့်အတူ အနိုင်ရရှိလာသော(မနိုင်လျှင် ဝိုင်းဆဲပြီး အရှုံးပေးရန်ပြောဆိုခိုင်း)စာများကို ဘယ်လှည့်ညာလှည့်ကာ ရောင်ခြည်တော်များ ပွင့်ဖူးသည်နှယ် အပြိုင်အဆိုင် ဗီဒီယို များပြုလုပ်၍ တင်ဆက် တတ်ကာ မိဘ လုပ်စာကို ဒူးနှံ့စားနေသူများဖြစ်ပါသည်။ ဤကား ကွန်ကြောင်/ဂန်းကြောင် ဆိုသူများ၏ ပုံစံအကျဉ်းချုပ်ဖြစ်ပါသည်။ မူရင်းဇာတ်ကြောင်းအား ပြန်ဆပ်ကြပါစို့။

ကွန်ကြောင်တစ်ယောက်ရဲ့ချစ်ခြင်းWhere stories live. Discover now