2💚

210 28 6
                                    


🎼🎼🎼

အနားမှာလာရပ်ကာ၊ဘောင်းဘီအိပ်ကပ်ထဲလက်ထိုးထည့်ပြီး၊ရှေ့စူးစူးကိုကြည့်နေတဲ့နတ်သားလေး...။သူ့ လည်တိုင်ဖြူဖြူလေးမှာတော့ ပလက်တီနမ်ကြိုးအဖြူပါးပါးလေးနှင့်အတူ၊ဆွဲသီးမှာလဲ တစ်လုံးတည်းသောစိန်အဖြူလေးက ပနံ့သင့်စွာတည်ရှိနေလေသည်။ ဟယ်ချန်း ခဏ တာ လောကကြီး နဲ့အဆက်
အသွယ်ပြတ်တောက်လို့ သွားရသည်။

"Lee Haechan Shi...."!

"ဟမ်!? "ဗျာ"

ဒေါသ သံပိစိလေးထည့်ကာ၊ခေါ်လာတဲ့အသံလေးကြောင့် ဟယ်ချန်းအတွေးတို့ ရပ်တန့်ရကာယောင်နန ဖြင့်ထူးလိုက်တော့၊မျက်ခုံးတန်းနှစ်ခု ထိစပ်မတပ်ဖြစ်ရင်း ကြည့်လာတဲ့သူကြောင့်
သွား32ချောင်းပေါ်သည်ထိပြုံးပြလိုက်သည်။

"ငါခေါ်နေတာ ကြာလှနေပီ၊ ဘာကို ပြူးကြည့်နေတာလဲ..မင်းကကြောင်တောင်တောင်နိုင်လိုက်တာ..။

"ဟီး...တောင်းပန်ပါတယ် စီနီယာ"

"မင်းတကယ်ပဲ  အနုပညာလမ်းကိုလျှောက်မယ်ဆိုရင် ငါ လေ့ကျင့်ပေးနိုင်တယ်။ဒါပေမယ့် စပြီဆိုတာနဲ့ ဘာအတိုက်အခိုက်ပဲ ကြုံလာကြုံလာ လက်လျှော့ဖို့ မတွေးရဘူး၊ ထွက်ခွာဖို့လဲ မကြိုးစားဘူးလို့ ကတိပေးနိုင်မလား"

"ကျွန်တော် ကတိပေးတယ်၊ တကယ်ပဲ  လေ့ကျင့်ပေးမှာလားဟင်!?

"ငါ မပြောတတ်သေးဘူး...၊ မင်း အပေါ်မူတည်တာမို့ အခြေအနေအရပေါ့ကွာ"

မိမိကိုပြောကာ ပြုံးပြပြီးထွက်သွားတဲ့ ရွမ်ကျွင့်အား ဟယ်ချန်းနေရာမရွေ့ပဲရပ်ကြည့်နေမိသည်။Taxiအပေါ်တွင်လဲ ရွမ်ကျွင့်ပြောပြခဲ့သည့် အကြောင်းအရာအားစဥ်းစားခန်းဖွင့်နေရသည်ကြောင့် မိမိနေတဲ့ရပ်ကွက်နားရောက်သည်ကိုတောင်မသိပေ။ကားဆရာက အော်မှသာ အတွေးစ တို့ကိုရပ်ကာ၊ကားပေါ်ကဆင်းလာခဲ့လိုက်သည်။ကားပေါ်ကဆင်းသည်နှင့် ကားသမားကိုလဲ ခါးကျိူးမတတ်ငုံကာ တောင်းပန်စကားဆိုလိုက်သေးသည်။

ဟယ်ချန်းနေတဲ့ရပ်ကွက်က သာမာန်လူလတ်တန်းစားတွေနေထိုင်တဲ့နေရာပေမယ့် အတော်လေးအေးချမ်းလှသည်။ဟယ်ချန်း အိမ်နားသို့ရောက်သည်နှင့် ၊ခေါက်ဆွဲဆိုင်ခန်းထဲ အလုပ်ရှူပ်နေသည့် အမေဖြစ်သူကိုအတန်ကြာသည်ထိ ကြည့်နေမိသည်။အမေဖြစ်သူမှာ စားပွဲခုံအားသုတ်ရင်း အပြင်ဘက်သို့အကြည့် မိမိနဲ့အကြည့်ဆုံသည်မို့၊လက်ထဲက အဝတ်အားပစ်ချကာ ဟယ်ချန်းအား လက်ညိုးထိုးလေသည်။

☘️Beautiful Pain☘️ Where stories live. Discover now