31.1

290 54 1
                                    

Chapter(31)

"သွားစို့ ကိုယ်မင်းကိုပြချင်တာ တစ်ခုရှိတယ်"ကျန်းရီဖေးက ပြောလိုက်ပြီး သူက ထရပ်လိုက်သည်။

"မေ့လိုက်ပါ..စားပြီးမှ သွားရအောင်..ဒီအချိန်မှာ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်မနေပါနဲ့"လင်းယုတုန်က ကျန်းရီဖေးကို ပြန်ဖိချလိုက်သည်။ဗိုက်ဆာနေတဲ့အချိန်မှာ အဝမစားဘဲ တစ်ဝက်တစ်ပျက်နှင့်ရပ်လိုက်ပြီး နောက်မှပြန်စားလျှင် အရသာရှိတော့မှာမဟုတ်ဘူး။

"ဟုတ်ပါပြီ။ဒါပေမဲ့ ကိုယ် မင်းကိုသေချာပြောနိုင်တာက အဲဒီကယ်တင်ရှင်က ရှန်းကျွင်းမဟုတ်ဘူးဆိုတာဘဲ"ကျန်းရီဖေးက ပြောလိုက်ပြီး ဆက်စားလိုက်သည်။ဒီညစာကို လင်းယုတုန်က သူ့အတွက်ချက်ပေးထားတာဖြစ်ပြီး အစာကြေလွယ်သည်။သူ့ပါးစပ်ထဲထည့်လိုက်တာနှင့် သူ့နေ့ခင်းတုန်းက စားသလိုမျိုး မာနေတာ သို့မဟုတ် ကြွပ်ရွနေတာမျိုးမဟုတ်ဘဲ သူ့နှလုံးသားကိုနွေးထွေးစေသည်။

***

လင်းယုတုန်က သူ့ခေါင်းထဲက အတွေးတွေကို ဖယ်ထုတ်ပြီး သံသယနဲ့ကြည့်လိုက်သည်။သူက ကျန်းရီဖေးကို ဘယ်အချိန်တုန်းက ကယ်တင်ခဲ့မှန်း သူမသိဘူး။သူက ကူကယ်ရဲ့မဲ့စွာ သံသယနှင့်ကြည့်မိသည်။သူပြောခဲ့တာက လင်းယုတုန်က သူ့ကယ်တင်ရှင်လို့ ပြောခဲ့တာဖြစ်တယ်..ဒါမှမဟုတ် တကယ်ဘဲ သူကိုယ်တိုင်က အမှားလုပ်မိတာလား?

ကျန်းရီဖေးက လင်းယုတုန်ကို မရှင်းပြဘဲ သူ့ကို စာကြည့်ခန်းထဲကိုခေါ်သွားလိုက်သည်။သူက အရင်တစ်ခါတုန်းက ဖွင့်ခဲ့သည့်တူညီသည့်နေရာကို သွားလိုက်ပြီး သူက အတွင်းထဲကနေ ကြီးမားသည့်ကတ်ထူသေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။

ဒီကတ်ထူသေတ္တာကို မြင်တာနှင့် လင်းယုတုန်က ၎င်းကိုအရင်က မြင်ဖူးသလိုဝိုးတိုးဝါးတား ခံစားရပေမဲ့ သူက အများကြီးဂရုမစိုက်မိဘူး။ဒီအချိန်မှာတော့ ကျန်းရီဖေးက ၎င်းကိုထုတ်ယူလာပြီး အထဲမှာ ဖိနပ်ဘူးနှစ်ခုကိုတွေ့လိုက်ရသည်။

"ဒါက ဘာမို့လို့ဒီလောက်ထိလျှို့ဝှက်နေရတာလဲ?"

"ဒီထဲမှာတစ်ချို့အရာတွေရှိတယ်..ခန့်မှန်းချင်လား?"ကျန်းရီဖေးက သေတ္တာကို စားပွဲပေါ်တင်လိုက်ပြီး "ခန့်မှန်းလို့မှန်ရင် ဆုချမယ်"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now