-HELLO MY EX BOYFRIEND -

1.2K 107 61
                                    

-HELLO MY EX BOYFRIEND -

" အာရှထိပ်တန်းမော်ဒယ်လ်ရစ်ခီရှန်နှင့် ဟောလိဝုဒ်မှထိပ်တန်းသရုပ်ဆောင်ဖြစ်သူ မေရီလင်းတို့တွဲခုတ်နေကြောင်း နယူးယောက်ခ်တိုင်းမ်သတင်းမှဖော်ထုတ်... "

" ယမန်နှစ်က ဟောင်ကောင်တွင်ပြုလုပ်သည့် LV eventတွင် တွေ့ဆုံကြရာမှ ထိပ်ထိပ်ကြဲနှစ်ယောက်စတင်တွဲခုတ်နိုင်ချေဖြစ်ကြောင်း အနုပညာအသိုင်းအဝိုင်းမှအမည်မဖော်လိုသူတစ်ဦးကပြောကြား... "

" အဆိုပါသတင်းကြောင့် ရစ်ခီရှန်၏အေဂျင်စီမှ ရှယ်ယာစျေးများမငြိမ်သက်ဖြစ်ကာ မေရီလင်းပါဝင်သော ရုံတင်ကားက လတ်တလောတွင်ကြည့်ရှုသူအများဆုံးစာရင်းတွင် ပါဝင်လာ.. "

" ရစ်ခီရှန်၏ကွန်ဒိုရှိရာကားပါကင်တွင် အဆိုပါမင်းသမီးအား ရံဖန်ရံခါတွေ့ရတတ်ဟု အမည်မဖော်လိုသူတစ်ယောက်မှ ဓာတ်ပုံနှင့်တကွ ပေးပို့လာ... "

စသည့်စသည့်သတင်းများသည် အင်တာနက်ဖွင့်လိုက်သည်နှင့် အလျှိုလျှိုကျလာသော ရစ်ခီရှန်၏သတင်းများဖြစ်ပြီး ထိုသတင်းများအားအစအဆုံးလိုက်ကာ ဖတ်ပြီးသည်နှင့် ဂယူဘင်း၏မောက်စ်ကိုင်ထားသည့်လက်က တင်းကျပ်သွားရကာ သူကခဏအကြာတွင်တော့ ဆုံးဖြတ်ချက်တစ်ခုနှင့်အတူ သက်ပြင်းမောကိုချ၍ အတွင်းရေးမှူးဖြစ်သူအား သူ့ကုမ္ပဏီမှရှယ်ယာများကို တစ်နှစ်လျှင်တစ်ခါ‌တော့ အချိန်မှန်ကမောက်ကမဖြစ်အောင်ပြုတတ်သည့် ရစ်ခီ့အား ရုံးခန်းထဲသို့ခေါ်ခိုင်းလိုက်ပါတော့သည် ။

ရစ်ခီရှန်က သပ်သပ်လုပ်နေတာ... !!

အလုပ်တွဲလုပ်သမျှလူတိုင်းနှင့် သတင်းထွက်အောင်နေပြပြီး ဂယူဘင်းဆီက အာရုံစိုက်မှုကိုထိုကဲ့သို့သောနည်းများဖြင့်မရမကယူနေသည့်ရစ်ခီရှန်က စိတ်တိုစရာကောင်းသလို သူက ရစ်ခီရှန်၏အပြုအမူတိုင်းကိုလည်း ကလေးဆန်သည့်လုပ်ရပ်အဖြစ် သတ်မှတ်ထားပါ၏ ။

ဒီလိုလူကို ကျောင်းတက်တုန်းက ဘာလို့များ အသေအလဲလိုက်ကြိုက်ပြီး ပိုးပန်းခဲ့သလဲဆိုတာကို အခုချိန်မှာ ဂယူဘင်းက ကိုယ့်ကိုယ်ကိုယ်ပင်ပြန်၍မေးယူနေပြီ ဖြစ်ပါသည် ။

LIMITED EDITION (Shenvin)[ONE SHOT]Место, где живут истории. Откройте их для себя