My Sunshine

623 56 12
                                    

Unicode

''Hyg ကျွန်တော်ဝင်လာလို့ရလား ''

Woonbin ရေချိုးပြီး အိပ်ခန်းထဲပြန်အရောက် အခန်းရှေ့က ကောင်လေးအသံကြောင့် မဲ့ပြုံးလေးပြုံးလိုက်ပြီး အဝတ်ဘီဒိုရှေ့ ရပ်လိုက်သည်။

" ဝင်ခဲ့လေ Sohee''

တံခါးlock ကိုအလွယ်တကူ လှည့်ဖွင့်ကာ ဝင်လာတဲ့ကောင်လေးက သူ့ကုတင်ပေါ်  ခုန်တက်ကာ ဝမ်းလျားထိုးမှောက်အိပ်ပြီး လက်ထဲက ဖုန်းကို သဲကြီးမဲကြီးကြည့်လို့နေသည်။

''ဘာလဲ အိုမားက ဂိမ်းဆော့လို့ ဆူလိုက်ပြန်ပြီလား ''

Wonbin ဘီဒိုထဲက စွပ်ကြယ်တစ်ထည်ကို ခပ်ပွပွ ဂျင်းပျော့ pantတစ်ထည်နဲ့ တွဲဝတ်ပြီး ဆိုဟီးလှဲနေတဲ့ဘေးဝင်ထိုင်ကာ ကောင်လေးရဲ့ခေါင်းတွေကို ပွတ်သပ်လိုက်သည်။

''Rank က ဒီနေ့တင်မှဖြစ်မှာကို ''

Wonbin နာရီကိုကြည့်လိုက်တော့ ၁၂ခွဲကိုညွှန်ုပြနေသည်။သူကိုယ်တိုင်လဲ ညက (အကိုအားရင်လိုင်းတက်ခဲ့ပါလား ဂိမ်းအတူတွဲဆော့ရအောင်)ဆိုတဲ့ Massage ကြောင့် ဒီကောင်လေးနဲ့ မနက်၃နာရီ မိုးလင်းပေါက်အထိ ဂိမ်းဆော့ထားတာမို့ အိပ်ယာထနောက်ကျတာဖြစ်သည်။

ဒီကောင်လေးရဲ့ စွမ်းအားက သူ့လိုမဟုတ်ပဲ သူအိပ်တဲ့အချိန်တောင် လိုက်အိပ်ပုံမပေါ်တဲ့အပြင် အခုချိန်ထိ ဆက်တိုက် ထမင်းမစားပဲ မုန့်ခြောက်တွေစားပြီး ဂိမ်း ဆော့နေပုံ ။

''ဒီတစ်ပွဲ ပြီးရင် ထမင်းစားရအောင် Sohee ''

''ကျွန်တော် ဗိုက်မဆာဘူး... Hyg ဆာရင် သွားစားလေး ''

''ထမင်းအတူစားပေးရင် Hygက Rankကူတင်ပေးမယ် ''

Sohee ဒီတစ်ခါတော့ Wonbinကို မော့ကြည့်ကာ သွားချွန်ချွန်လေးတွေပေါ်သည်အထိ ရယ်ပြလိုက်သည်။

''တကယ်လား ''

''အင်း...တကယ် ''

Wonbin က Pro Gamer တစ်ယောက်ဖြစ်တာကြောင့် Sohee အရမ်းအားကျရသည်။

ညဘက်တွေ Wonbin Hygက အားရင် သူနဲ့အတူRankကူတင်ပေးတတ်ပေမယ့် Hygက အလုပ်တစ်ဖက်နဲ့မို့ အလုပ်ဖွင့်ရက်တွေဆိုရင်လဲ hygကို သူအပူမကပ်ချင်။

My Sunshine(One Shot)Where stories live. Discover now