ကားပေါ်က ကောင်ဆိုးလေး

10.9K 28 0
                                    


ကားပေါ်က ကောင်ဆိုးလေး

ကားအချိန်အကြာကြီးစီးရမှာကိုတွေးပြီး ကျွန်မရင်မောမိတယ်။ ကားစီးရင် ကျွန်မက မူးတက်တယ်လေ။ ကားထွက်ခါနီးမှ ကားပေါ်တက်ထိုင်တယ်။ ပြူတင်းပေါက်ကိုဖွင့်ထားပြီး ခေါင်းကို အပြင်နဲနဲထုတ်ထားလိုက်တယ်။ ဘေးခုံက လူမရှိတေါ့ နေရတာချောင်ချောင်ချိချိပဲ ။ “အးးးး” ကားစထွက်မှလူတစ် ယောက်ပြေးတက်လာပြီး ကျွန်မ ဘေးမှာ ဝုန်းဆို ခပ်ကြမ်းကြမ်းထိုင်ချလိုက်တယ်။ ပြီးတော့ sorryပါလို့ ကျွန်မကိုတောင်းပန်တယ်။ သူ့ပုံစံကြည့်ပြီး ကျွန်မလည်း စိတ်ပြေလိုက်တာပေါ့။ မြင့်မားသောအရပ်နှင့်လိုက်ဖက်စွာ ခန္ဓာကိုယ်က ကြံ့ခိုင်တောင့်တင်းသည်။ ကားမီးရောင်အောက်မှာ အသားအရည်က ဝင်းနေသည်။ ထူထဲတဲ့မျက်ခုံး နှာတံချွန်ချွန် သေသပ်တဲ့နှုတ်ခမ်း လေးထောင့်ဆန်တဲ့မေးရိုးတွေနဲ့ဖွဲ့စည်းထားတဲ့ သူ့ပုံစံလေးက ကျွန်မထက် ၄နှစ် ၅နှစ် တော့ ငယ်မည်ထင်ပါသည်။ အလန်းစားလေးနဲ့တစ်ညလုံးကားတူတူစီးရမယ့်အရေးကို တွေးပြီး ကားမူးတောင်ပျောက်သွားသလိုပဲ။ ကားပေါ်မှာပြတဲ့ မြန်မာကားကို ကြည့်နေတုန်းသူက စကားစပြောလာသည်။

“ရန်ကုန်ထိလား အစ်မ” “အင်း…. မင်းရော” “ကျွန်တော်လည်း ရန်ကုန်ထိပဲ.. ဒါနဲ့ အစ်မက တစ်ယောက်ထဲလား.. ချောချောလှလှလေးတစ်ယောက်ထဲ ခရီးမသွားသင့်ဘူးဗျ” ကျွန်မမျက်လွှာချထားမိသည်။ ခပ်ချောချောကောင်လေးက ဘေးနားမှာထိုင်ပြီး ကိုယ့်ကိုစိုက်ကြည့်ပြီး လှတယ်ပြောတာ ရင်မခုန်ဘဲ နေပါ့မလား။ “ကျွန်တော် အစ်မကို မြင်မြင်ချင်း ချစ်မိသွားပြီ အစ်မရယ်” “အို….. မဖြစ်နိုင်တာ” မိန်းမသားမို့သာ အစဉ်လာအရမူမိပေမယ့် ကျွန်မ ကိုယ်တိုင်က ဒီကောင်လေး မဆွတ်ခင်က ညွတ်ချင်နေတာ။ “ယုံပါအစ်မရယ်… နော်” “အို….လွှတ်ပါ… လူတွေမြင်ကုန်လိမ့်မယ်” “လွှတ်ဖူးဗျာ ချစ်တယ် ပြောမှ လွှတ်မယ်” “အင်းကွာ…. ချစ်တယ်…. ချစ်တယ်… ကဲ… ကျေနပ်ပြီလား လူဆိုးလေး “ ကောင်လေးက မပြောမဆို ဆွဲဖက်ထားတော့ ကျွန်မဖြင့် အသက်ရှုတောင်ကြပ်တယ်။ ချစ်တယ်လို့ ဇွတ်ပြောခိုင်းတော့ ကျွန်မလိုက်လျောလိုက်ရတာပဲလေ။ နဲနဲလျော့သွားပေမဲ့ သူက ကျွန်မကိုဖက်ထားတုန်းရယ်။

ပြန်တင် အပြာစာအုပ်များWhere stories live. Discover now