ထူးဆန်းတဲ့ခံစားချက်

86 3 0
                                    


........................start
ရောင်စုံမီးပန်းတွေအောက် ကိုယ်နိုးလာတော့ အချိန်က ၃နာရီခွဲနေပီ ၊ အသံတွေလဲဆူညံနေတုန်း တစ်ယောက်သောသူက ကိုယ့်ကိုအော်ပြောနေ ၊မူရာ! မူရာ!လာ ထတော့အိမ်ပြန်ကြစို့ ငါလိုက်ပို့မယ်။အရက်အရှိန်နဲ့ ရီ​ေဝဝေဖြစ်တုန်းပေမဲ့ ကိုယ်ဒီအသံကို ကောင်းကောင်းကြီးသိနေတယ် ယွန်းပဲ။
ယွန်း!ယွန်းလား လာကိုယ့်နဲ့အတူဆက်သောက်ရအောင်
မူရာဆိုသူမှာ အမြဲဒီလိုပဲ partyတွေလုပ်လိုက် clubတွေသွားလိုက် ကောင်မလေးတစ်ကာနဲ့တကယ့်ဇိုးတစ်ယောက် ခုလဲကြည့် မနေ့ကယွန်းမွေးနေ့လုပ်ဖို့ အတူတူချိန်းထားတာကို ရောက်မလာဘဲသန်ခေါင်းရောက်မှ မူးမူးရူးရူး ဖုန်းလှမ်းဆက်ပြီး (Happy Birthday Yun!မွေးနေ့မှာပျော်ရွှင်ပါစေကွာ)ပြောပြီး ဖုန်းကောက်ချတော့တာပဲ
မူရာမပါဘဲ ကျွန်​​ေတာ့်မွေးနေ့ကျင်းပတာ ဒါပထမဆုံးပဲ ကျွန်တော့အသက်၁၈နှစ်ပြည့် မွေးနေ့မှာ သူ့ကိုအတူရှိစေချင်တာမို့ အနည်းငယ်စိတ်ဆိုးမိပေမဲ့ စိတ်ပူရတာကတစ်ဝက်

ခုချိန်မူရာဘယ်မှာရောက်နေမလဲ ယွန်းသိနင့်နေပြီသားပါ ယွန်းတို့အတူရှိလာတာ ယွန်းသိတတ်စကလေးဘဝကတည်းကပဲလေ
ကျွန်တော် မူရာ့ထက်တစ်နှစ်ငယ်ပေမဲ့အိမ်ချင်းကပ်ရပ် ငယ်ပေါင်းကြီးဖော်တွေတစ်ဖြစ်လဲ ကျောင်းလဲအတူတူသွား စားရင်လဲအတူတူ အိမ်ကမေမေတွေက အက်ျီဆင်တူကအစ အမြဲဆင်လေ့ရှိသည်
နှစ်ယောက်လုံးက မိသားစုရဲ့ တစ်ဦးတည်း​

​တွေမို့မူရာ့မိဘတွေအတွက်ယွန်းက ​သားလေးလိုဖြစ်နေသလိုပင် ယွန်းအိမ်ကလဲ မူရာ့ကို သားလေးတစ်ဖြစ် ချစ်ခင်ကြသည်။
ခုလဲမြို့လည်ခေါင်ကသူသွား​​ကြclubမှာမှောက်နေ​ပြန်ပြီထင်သည် ၊ အမြဲသွားခေါ်ရသူမှာလဲကျွန်တော်ပင်။
ပြန်ဖို့ခေါ်ရသည်မှာ ကျွန်တော်စိတ်အညစ်ဆုံးဖြစ်သည် မူရာကကျွန်တော့်ထက်ခေါင်းတစ်လုံးလောက်ပိုရှည်ပြီး ကျွန်တော့်မှာ သူ့ပုခုံးသာသာ သာရှိသည်။
အရပ်ကမိုးမျှော်နေသူမို့ သူ့ကိုပုခုံးထမ်းခေါ်ရတိုင်း ကျွန်တော်ပင်ပန်းရသည် ကြားထဲအမြဲအရစ်ခံရတာကလဲ အဆန်းတော့မဟုတ်လေပေမဲ့ မူရာ့ကိုဒီလိုတွေလျှောက်လုပ်တတ်တာတော့ ကျွန်တော်မကြိုက်။ မူရာ့ဖေဖေမေမေလဲ သူတို့သားဆိုးလေးကိုမနိုင်  ကျွန်တော့်ကိုသာအားကိုးရသည်။

Default Title - အကို့ခွေးပေါက်လေး ယွန်း (Yunki)Where stories live. Discover now