Social Love (Chenji)

379 49 12
                                    

Jisung သူပို့နေကျ Social Media accountလေး တစ်ခု ကို စာပို့လိုက်သည်။

💬အကို....ဒီနေ့ တစ်နေ့တာဘယ်လိုလဲ💬

တစ်ဖက်က အလုပ်ရှုပ်နေလို့ လိုင်းတက်ဖို့ မအားမှန်းသိပေမယ့် သူအကို့ကို ဒီစာလေးက 'စ'လို့အမြဲပို့ဖြစ်တယ်။

အခုမှည8နာရီခွဲပဲ ရှိသေးလို့ အချိန်ပိုဆင်းတတ်တဲ့အကိုက ည၉နာရီကျော်မှ လိုင်းတက်လိမ့်မယ်။အဲ့အချိန်မှ မီးစိမ်းလေးလည်းပြလိမ့်မယ်။ ကျွန်တော့်စာကိုလဲ Seenပြချင် ပြတတ်ပြီး...မမြင်ချင်ယောင်ဆောင်ချင်ရင်လည်း ဆောင်နေမှာပေါ့ ။

အကိုနဲ့ကျွန်တော်က Social account နဲ့ပဲ ရင်းနှီးခဲ့ကြတာ..။ ကျွန်တော်အထက်တန်းတုန်းက အကိုကအလုပ်သင်လေးဖြစ်ပြီး အခုကျွန်တော်အလုပ်သင်လေးဖြစ်လာတဲ့အခါမှာတော့ အကိုက သူတို့ကုမ္ပဏီရဲ့မန်နေဂျာတောင်ဖြစ်လို့နေပြီ။

အကိုက ကျွန်တော့်ကို သဘောမကျတာလည်းမဟုတ်ဘူး...ဒါပေမယ့် ကျွန်တော်ဖွင့်ပြောတာကိုလည်း ငြင်းခဲ့ဖူးတဲ့လူတစ်ယောက်။

ထူးဆန်းတယ်မလား ။

အကိုနဲ့ကျွန်တော်က ဘယ်လိုဆက်ဆံရေးလည်းဆိုတာ ကျွန်တော်မပြောပြတတ်ဘူး...။အကိုက ကျွန်တော့်ကိုလက်မလွှတ်ပေးချင်သလို ကျွန်တော်ကလဲ အကို့ကိုလွယ်လွယ်လေးချစ်ခဲ့တာမဟုတ်လို့ လက်မလျှော့ချင်ခဲ့ဘူး...။

ကျွန်တော်နဲ့အကို့ရဲ့ သံယောဇဉ် ဖြစ်တည်မှုတွေကို တစ်လ ၊နှစ်လ ဆိုတဲ့ အချိန်တစ်ခုလောက်တည်းက ဖြတ်တောက်ခဲ့ကြရင် ပိုကောင်းလိမ့်မလားလို့ တွေးခဲ့ဖူးပေမယ့် အခုလို ၆နှစ်တာ သံယောဇဉ်ကိုကျတော့ ဘယ်လိုများဖြတ်တောက်ပစ်ရမလဲ။

၆နှစ်တာ ကာလအတွင်းမှာ အကို့ရဲ့အကြောင်းတွေကို ထဲထဲဝင်ဝင် သိလာပြီလို့ထင်လာရပေမယ့် တစ်ခါတလေ ကျွန်တော်အကို့ကိုနားမလည်နိုင်တာတွေလည်းရှိသေးတယ်။

ကျွန်တော့်အကြောင်းတွေကိုရော...အကို့ကို တစ်လုံးမကျန် ပြောပြခဲ့ပေမယ့် အကိုက ကျွန်တော့်အကြောင်းတွေကို တကယ်စိတ်ဝင်စားလို့နားထောင်ပေးတာလား ...။.ဒါမှမဟုတ် ဒီအတိုင်း အားနာလို့ နားထောင်ပေးခဲ့တာတွေလား ကျွန်တော်မတွေးတတ်ဘူး။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now