5💚

194 30 9
                                    

💚Beautiful Pain__><__

*

*

*

*

တစ်ပတ်လောက်နေတော့ ဟယ်ချန်းဆေးရုံဆင်းခွင့်ရသည်မို့ဆေးရုံကဆင်းသည်နှင့် စီအီးအိုမင်ဟျောင်းက သူ့ အိမ်မှာလိုက်နေဖို့ပြောလာလေသည်။ထို့ကြောင့် ဟယ်ချန်းမှာ မင်ဟျောင်းခေါ်ဆောင်လာရာ နန်းတော်တမျှကြီးမားလှတဲ့ ဗီလာ၏ ဧည့်ခန်းဆိုဖာတွင်ထိုင်နေရတော့
သည်။

"ဒီအတောတွင်း မင်း ကိုယ့်အိမ်မှာ ခဏတော့အနားယူရလိမ့်မယ်။ သတင်းတွေက ခုထိဖြေရှင်းနေရတုန်းမို့.... အခြေအနေကို နားလည်တယ်မလား!?

မင်ဟျောင်း ဆိုဖာတွင်ဝင်ထိုင်ကာကျောမှီရင်း၊လက်နှစ်ဖက်အားရင်ခွင်တွင် ပိုက်ရင်းပြောလာသည်။

"ဟုတ်"

မင်ဟျောင်းက ဟယ်ချန်းမျက်ဝန်းအား ၊တည့်တည့်စိုက်ကြည့်ကာပြောသည်။

"မင်း အေးဆေးအနားယူပါ၊ ကိစတွေ ဖြေရှင်းပြီးတာနဲ့ မင်း အနုပညာကို ပြန်လှုပ်ရှားလို့ရပြီ!!

"ဟုတ်"

"ဒါဆို မင်း ကိုယ့်အနောက်ကလိုက်ခဲ့၊ မင်း နေရမဲ့အခန်းကို လိုက်ပြပေးမယ်"

ထိုသို့ပြောကာ ဦးစွာထသွားတဲ့မင်ဟျောင်းနောက်၊ဟယ်ချန်းအမှီ ခြေသံဖွကာ ပြေးလိုက်သွားလိုက်သည်။ ကျွန်းကနုတ်တွေနဲ့တံခါးအားစီချယ်ထားသည့်၊အခန်းအရှေ့ မင်ဟျောင်းရုတ်တရက် ရပ်တန့်လိုက်တော့သည်။ရုတ်တရက် ရပ်တန့်လိုက်တာကြောင့်၊နောက်ကအပြေးလိုက်လာတဲ့ဟယ်ချန်းနဖူးက ၊ မင်ဟျောင်း ကျောပြင်နှင့် မိတ်ဆတ်သွားရသည်။

"ဘုတ်"  "အာ့"

"ကျစ်..  ရဲ့လား!? မင်း ကသိပ်ကို ​နမော်နမဲ့နိုင်တာပဲ Lee Haechan Shi"

မင်ဟျောင်း စိတ်မရှည်စွာ ပြောလာခဲ့သည်။

"တောင်းပန်ပါတယ် "

"ပြစမ်း!!  မင်း ဒဏ်ရာ ထိခိုက်သွားလားဆိုတာ!"

ပြောလဲပြော ဆတ်ခနဲ ဟယ်ချန်းမေးအားဆွဲယူလိုက်တဲ့ မင်ဟျောင်းကြောင့်၊ မျက်နှာနှစ်ခုမှာ အနီးကပ်ဖြစ်သွားရလေသည်။ဟယ်ချန်းရဲ့ နှလုံးသားလေးမှာလဲ ၊ရုတ်တရက် အခုန်မြန်လာရသည်။တစ်ဖက်လူပြောသော စကားများက၊ဟယ်ချန်းကြားတစ်ချက်မကြားတစ်ချက်။ နောက်ဆုံး အသံမြင့်မြင့်ခေါ်သံကြောင့်၊ အတွေးစတို့ပျက်ပြယ်သွားကာ ကြောင်အမ်းစွာထူးလိုက်ရတော့သည်။

☘️Beautiful Pain☘️ Where stories live. Discover now