မထင်မှတ်ပဲ စာရှည်သွားသောကြောင့် အပိုင်းခွဲ၍တင်လိုက်ရပါကြောင်း
#မြ
#ဟဲဟိုး
#ဖြစ်ရပ်မှန်Artwork - March Mo Mo-Handmade Collection
Chapter .7
"MYA"
(သို့မဟုတ်)
"Symphony Of A moaning Heart"ကျွန်တော်က အချစ်ရေးနဲ့ပတ်သက်ရင်အတော်ကံခေတယ်လို့ပြောလို့ရတယ်ဗျ၊ အချစ်ရူးလည်းရူးတတ်သေးလို့ တစ်ယောက်နဲ့ပြတ်ရင် အလဲလဲအကွဲကွဲပဲဗျ။ ဒါလည်းအမှတ်မရှိထားချင်နေဆဲ မရိုးနိုင်တဲ့ အဆုံးသတ်အဖြေတူပုစ္ဆာတွေကို ဇွဲနပဲကြီးဆက်တွက်ချင်နေဆဲပါပဲ...
အချစ်အကြောင်း၊မိန်းမတွေအကြောင်းအရင်ပြောရတာက ဘာဖြစ်လို့လဲဆိုတော့... ကျွန်တော့်ဘဝမှာ ကျွန်တော်ချစ်တဲ့မိန်းမ တစ်ယောက်စီ တစ်ယာက်စီကြောင့်ပဲ ဘဝရဲ့ segment တွေ တစ်ချိုးပြီးတစ်ချိုးပြောင်းစေခဲ့လို့ပါပဲ။
တကယ့်ကို တစ်ယောက်ပြောင်းတွဲတိုင်း career တစ်မျိုးပြောင်းရပြီး သူတို့နဲ့ဆက်ဆံရေး သေဆုံးတဲ့အခါတိုင်းလည်း ထို career လည်းထိုဆက်ဆံရေးနှင့်တစ်ပါတည်းသေဆုံးပြီး အခြားအလုပ်အကိုင်သစ်ကိုပြောင်းရွှေ့ရစမြဲပါပဲ။ ယခုထိလုံးဝမပြောင်းလဲသေးတဲ့ ကံကြမ္မာပါပဲ...
ထို့အတူထိုမိန်းမတိုင်းဟာလည်းကျွန်တော့်ဘဝကို သင်ယူစရာရပ်တည်စရာ၊ဒဏ်ရာ အမာရွတ်အစုံပေးပြီးအကြောင်းအမျိုးမျိုးကြောင့်ထွက်ခွါသွားခဲ့ကြပေမဲ့ လာခြင်းကောင်းခဲ့တဲ့အမျိုးသမီးများပါပဲ။
အမုန်းခံပြီးကျွန်တော့်ကိုစိတ်ရှည်ရှည်နဲ့သီးခံနားလည်ပေးတတ်ကြတဲ့ မိန်းမတွေထဲမှာတော့ "မြ" ဟာ ကျွန်တော့်ရဲ့ ဘေးအန္တရာယ်ကို ကျွန်တော်စိတ်နာကျည်းအောင်ထိ တမင်တကာရည်ရွယ်ပြီး ကျရောက်လာတော့မဲ့ဘေးအန္တရာယ်ကနေသီသီလေးလွတ်အောင် ကယ်ပေးခဲ့ပါတယ်။
ဒီအထိတော့ဘာမှမထူးဆန်းပါဘူး...ပျင်းစရာကောင်းတဲ့ကျွန်တော့်ရဲ့ ထူးမခြားနားဘဝကို မိတ်ဆက်တဲ့အထိပဲရှိပါသေးတယ်။
ထူး၍ဆန်းသည်ကတော့ "မြ" ဆိုတဲ့ အမျိုးသမီးဟာ အခြားမိန်းမများလို လူသားစင်စစ်မဟုတ်ပါပဲ ပရလောကသား "နတ်ပြိတ္တာ" အနွယ်ဝင် အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့လို့ပါပဲ
YOU ARE READING
MYA ( Symphony Of A Moaning Heart)
Mystery / ThrillerBased on the true experience . "ကျွန်တော်..ဟဲဟိုးမြို့မှာတာဝန်ကျစဉ်က ... ပရလောကသူတစ်ဦးနဲ့ချစ်ကြိုက် သံယောဇဉ်တွယ်ခဲ့တဲ့ အကြောင်းပါ"