intro

678 58 4
                                    

"ငါကမင်းအတွက် သူများလောက်တောင်အရေးမပါခဲ့ဘူးလား ဆောင်းဟန်ဘင်း"

"အင်း"

"ဒါဆိုရင်ငါနဲ့လက်ထပ်ခဲ့ရတဲ့အကြောင်းအရင်းကရော"

"မရှိဘူး ကျွန်တော့်သဘောမပါပဲဖြစ်သွားခဲ့တဲ့ကိစ္စမလို့"

ဆောင်းဟန်ဘင်းဘက်ကသူ့ကိုဂရုမစိုက်တာမဆန်းတော့ပါဘူး။ သူကသာချစ်နေရသူဖြစ်ပြီး ဆောင်းဟန်ဘင်းကတော့သူ့ကို သူစိမ်းတစ်ယောက်ထပ်မပိုခဲ့တာပါပဲ။

"အင်း အခုမင်းသဘောကိုငါမေးမယ် ငါနဲ့ဆက်ပြီးလက်တွဲသွားဖို့ယုံကြည်ချက်ရှိလား ဆောင်းဟန်ဘင်း"

"မရှိဘူး"

"ဒါဆိုလည်း ကွာရှင်းကြတာပေါ့"

"အင်း သဘောပဲ"

ဆောင်းဟန်ဘင်းနဲ့ကွာရှင်းပြီးတာနဲ့ကျန်းဟောက်က ဟန်မြစ်မှာထိုင်ကာသူ့ရဲ့အသုံးမကျခဲ့တဲ့လုပ်ရပ်တွေကိုတစ်ခုချင်းပြန်စဥ်းစားနေလိုက်တယ်။

"အစောကြီးတည်းကရိပ်မိခဲ့သင့်တာပဲ၊ ဆောင်းဟန်ဘင်းကငါ့ကိုသဘောကျတာမဟုတ်ပဲ သူသဘောကျတဲ့လူက အဲတစ်ယောက်ဖြစ်နေခဲ့တာကို ကျန်းဟောက်ရာ မင်းကတော့အရမ်းတုံးအလိုက်တာ"

ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မှုအပြီး ကျန်းဟောက်ကအိမ်ပြန်ဖို့ကားလမ်းကူးလိုက်တာ တစ်ဘက်ကလာတဲ့ကားကိုမမြင်ပဲ တိုက်မိသွားခဲ့သည်။

ကျန်းဟောက်သတိမလစ်ခင် သူ့ရဲ့ကံကိုပဲအပြစ်တင်ဆဲဆိုလိုက်တယ်။ ဘယ့်နှယ့် ဒီနေ့မှကွာရှင်းလာတာကို ဒီနေ့ပဲကားကထပ်တိုက်ရတယ်လို့။ ဘယ်လောက်တောင်ကံဆိုးလိုက်သလဲ။
........................................

STAY WITH ME!Onde as histórias ganham vida. Descobre agora