AC_1

37K 180 11
                                    

"မား ကျွန်တော်တကယ်ပြောနေတာ ကောရဲ့ဇနီးက ဟင်းချက်အရမ်းကောင်းတာပါဆို"

သျှန် အရံဟင်းတွေထည့်ထားသောဘူးတွေကိုတစ်ဖက် ဖုန်းကတစ်ဖက်နဲ့မို့ တံခါးလော့ခ်ကုဒ်ရိုက်နေချိန်တွင် ဖုန်းကို ပုံခုံးနှင့်ညှပ်ကာ မားကိုမကျေနပ်သလိုညီးညူနေရင်း digital lock မှာ နံပါတ်တို့ကိုရိုက်ထည့်လိုက်သည်။

"ဒါမဲ့လည်း သူတို့ကအလုပ်တစ်ဖက်နဲ့ အချိန်မရလို့ အပြင်စာတွေပဲစားနေမှာ မားစိုးရိမ်လို့ပါဆို တော်ပြီ တော်ပြီ အပိုတွေမပြောနဲ့တော့ မား ပြောလိုက်တဲ့အတိုင်း ရေခဲသေတ္တာထဲ သေချာခွဲထည့်ပေးထားခဲ့ "

"မား ကျွန်တော်လည်း မအားဘူးလို့"

ကောတို့မှအလုပ်ရှုပ်နေတာမဟုတ်ဘူး သူလည်းအလုပ်ရှုပ်တာပဲ ဟုတ်ပြီလား။

အချိန်နှင့်အမျှသန်းချီဝင်တဲ့သူရဲ့​ရုံးကအလုပ်တွေကိုပစ်ပြီး မားခိုင်းတဲ့အတိုင်း သူ့မှာအရံဟင်းတွေလာပို့တဲ့ delivery ကောင်လေးလာလုပ်နေရသည်။

"မင်း အဲ့ကိုတောင်ရောက်နေပြီပဲ မြန်မြန်ထားပြီး မြန်မြန်ပြန်ခဲ့ပေါ့ ဒါလေးခိုင်းတာ ဘယ်လောက်ကြာနေလို့လဲ ရုံးကအလုပ်တွေပူနေမနဲ့ မင်းပါးတစ်ယောက်လုံးရှိနေတဲ့ဟာ "

"မား ခဏလေး"

သျှန် ဖိနပ်စင်ကနေအိမ်တွင်းစီးဖိနပ်ကိုလဲစီးရင်း တိုက်ခန်းထဲကထူးဆန်းနေသည့်လေထုကြောင့် တန့်သွားကာ ပတ်ပတ်လည်ကိုအလျှင်အမြန်ဝေ့ကြည့်ကာ တစ်စုံတစ်ရာကိုရှာဖွေမိသည်။

ဧည့်ခန်းထဲက စားပွဲပေါ်မှာရော တခြားနေရာမှာရော မည်သည့်ကော်ဖီခွက်မှရှိမနေ။

"မား ကောတို့အိမ်မှာမရှိတာ ဟုတ်လို့လား"

"ဟုတ်ပါတယ် ဒီချိန်ဆို မင်းကောကအလုပ်ထဲမှာပဲရှိနေမှာ အိုက်ယား ငါ့ရဲ့သနားစရာကလေးလေး ပင်ပန်းနေရှာတော့မယ် အိမ်မှာဆို ဘာမှလုပ်ရတာမဟုတ်ဘူး အခုတော့ သူ့မှာ..."

ဖုန်းတစ်ဖက်မှမားကပြောရင်းပင် ဝမ်းနည်းကြေကွဲဟန်နှင့် ငိုရှိုက်သံတို့ကပါလာခဲ့သည်။

သို့သော် သျှန်၏စိတ်အာရုံတို့က သူမား၏တတွတ်တွတ်ပြောနေသော သနားချင့်ဖွယ် စကားလုံးတို့ပေါ်တွင်ရှိမနေ။

Addictive Caffeine Where stories live. Discover now