သီတင်းကျွတ်လပြည့်ကျော်...
တိမ်မဲတွေထဲ ခေါင်းထိုးဝင်ဖို့ ကြိုးစားနေတဲ့ လဟာ အပြည့်မဟုတ်တော့လို့ အလင်းရောင်က ခပ်ယဲ့ယဲ့...
ဆောင်းဝင်ပြီမို့ အအေးဓာတ်က ခါတိုင်းေန့တွေထက် နည်းနည်းတော့ကဲတယ်
အမေထုတ်ပေးတဲ့ အပေါ်ဝတ် အင်္ကျီပါးလေးဟာ ဘေးနားမှာ ငြိမ်ငြိမ်သက်သက်ခံစားမှုတွေ ကင်းမဲ့ပျောက်ဆုံးနေတဲ့ ခန္ဓာကိုယ်က laptop screen ကို တစိုက်မတ်မတ်ကြည့်နေခဲ့တယ်။
လက်ချောင်းတွေ လှုပ်ရှားချင်တယ်
သို့သော် မရ
စာလေး တချို့ ပိုချင်တယ် မရဒီတုံ့ဆိုင်းအုံ့မှိုင်းမှုတွေဟာ ဆယ်ကျော်သက်ကော ခု နှစ်ဆယ်ကျော် ဘဝကိုရော ခြုံလွှမ်းထားခဲ့တာပဲလို့ တွေးမိတော့ ခပ်လဲ့လဲ့ ပြုံးမိရပြန်ရော...
Laptop ဆီက အကြည့်လွှဲတယ်
ဖုန်းကောက်ကိုင်တယ်
Gallery ဆီကို နှိပ်မိတယ်လှလိုက်တာ...
မနေ့က ခဏတဖြုတ် တင်သွားတဲ့ my day လေးကို screenshot ထားတဲ့ ဓာတ်ပုံလေးက ဖုန်း screen ပေါ်မှာ ။ ပုံထဲမှာ သိပ်လှတဲ့ အဖြူရောင် အပိုင်းအစလေး။ သိပ်မြတ်နိုးတန်ဖိုးထားခဲ့ရတဲ့ အဖြူရောင် အပိုင်းအစလေး...။
ဖုန်းကို ပြန်ပိတ်....
ခိုးဝယ်ထားတဲ့ စီးကရက်ကို ဖွာကြည့်မလို့ မီးခြစ်ကို ဘေးဘီဝဲယာ လိုက်ရှာကြည့်တယ်။
ဇာတ်လမ်းတွေ၊ ဝတ္ထုတွေထဲမှာ အသဲကွဲကြရင် ဆေးလိပ်သောက်ကြ၊ အရက်သောက်ကြမလား။ အရက်တော့ သောက်လို့ မဖြစ်သေး... အခုတလော ဘာစားမဝင်တဲ့ ခန္ဓာကိုယ်က ပျော့ဖတ်ဖတ်။ နောက် ခန္ဓာကိုယ် အခြေအနေကောင်းသွားရင်တော့ တမုန်းကြီး ခိုးသောက်ပစ်ဦးမယ် တွေးရဲ့ရှာမတွေ့ မနေ့ကတင် ဝယ်လာတဲ့
မီးခြစ်အစိမ်းရောင်လေး...
ခေါင်းအုန်းကို လှန့်ရှာတယ် မတွေ့၊
မနက်ဖြန်ဆို ဒီချိန်လောက်ဆို ဟိုဦးလေးကြီးနဲ့ သူ အတူတူရှိနေတော့မှာဖက်လုံးကို မ,ကြည့်တယ် မတွေ့။
မနက်ဖြန်ဆို သူ့ဘဝဟာ တခြားလူက တကယ်ကြီးကို တစ်ဝက်ပိုင်သွားပြီဖြန့်ကျဲထားတဲ့ စောင်ကို လုံးထွေးပြီး ကုတင်ပေါ်ကို ကြည့်တယ် မရှိ။
မနက်ဖြန်ဆို သူ ဟိုဦးလေးကြီးနဲ့...
![](https://img.wattpad.com/cover/355332660-288-k829447.jpg)
YOU ARE READING
ဘဝတစ်ခုစာ
Romanceဒီဘဝအတွက် အလှပဆုံးရေစက်လေး တစ်ခုပဲ ပိုင်ဖို့လည်း မဟုတ်၊ ဆိုင်ဖို့လည်း မဟုတ် ဒီအတိုင်း... ဒီအတိုင်းလေးပါပဲ