doll

13 3 0
                                    

မျှော်လင့်မိသော...
ကျွန်တော်ဟာ...ဝက်သစ်ချပင် ကလေးကနေဖြစ်လာတဲ့အရုပ်လေးတစ်ရုပ်ပါ....။
ကျွန်တော်မှာလူသားတွေလို..အဖေအမေမရှိဘူး...။
ညီအစ်ကိုမောင်နှမတွေမရှိဘူး....။
ကျွန်တော့်ကိုဖန်တီးပေးခဲ့တဲ့ လူတော့ရှိတယ်...။
သူ့ကို ကျွန်တော်ဘယ်လိုခေါ်ရမလဲ ကျွန်တော်မသိဘူး...။
သူကအဖိုးအိုကြီးတစ်ယောက်ပါ...။
အရမ်းအိုနေတဲ့အဖိုးအိုကြ​ီးတစ်ယောက်ပေါ့...။
သူက ပန်းပုဆရာတော့မဟုတ်ခဲ့ပါဘူး...။
သူက တကယ်တော့သားသတ်သမားကြီးပါ...။သူ့ရဲ့ မိန်းမက ရွာက လူတွေကြောက်ရတဲ့ နတ်ဝင်သည်လို့ သူအရက်သောက်တိုင်း ကျွန်တော်ကိုရှေ့ထားပြီးပြောပြောပြဘူးတယ်...။
သူ့ရဲ့မိန်းမဖြစ်တဲ့နတ်ဝင်သည်ကြီးကို ရွာကငွေရှင်ကြေးရှင်တွေကရက်ရက်စက်စက်မီးရိူ့သတ်ခဲ့တဲ့အကြောင်းပါကျွန်တော့်ကိုပြောပြတယ်...။
အဲ့ဒီ့လိုပြောပြတဲ့အချိန်သူ့မျက်လုံးတွေထဲမှာကျွန်တော် မခံစားတတ်တဲ့ အရာတွေရှိနေတယ်....။

ကျွန်တော်က ရုပ်သေးရုပ်တစ်ရုပ်သာဖြစ်ပြီး..ဘာမှလည်းခံစားတတ်တဲ့အရာဟုတ်မ​​ေနလို့ပါ...။
တစ်နေ့ သားသတ်သမားကြီးကကျွန်တော့်ကိုမြို့ထဲခေါ်သွားခဲ့တယ်...။
အရင်းရှင်ကြီးတစ်ယောက်ရဲ့အိမ်ကိုပေါ့...။
အဲ့မှာကစားနေတဲ့ကလေးလေးတစ်ယောက်ဆီကိုကျွန်တော်ကို ပေးခဲ့ပြီးထွက်သွားတယ်...။
ကျွန်တော် ထွက်သွားတဲ့သူ့ရဲ့နောက်ကျောဘက်ကိုကြည့်ရင်း ခံစားချက်တစ်ခုကိုစပြီးခံစားခဲ့ရတယ်...။
အဲ့ဒါက ငါပိုင်ရှင်အသစ်ရပြီဆိုတဲ့ခံစားချက်ပါပဲ....။

အဲ့ဒီ့သခင်ကအခြားလူတော့မဟုတ်ပါဘူး မြို့စားကြီးအက်ဒ္ွပ်ရဲ့သား အာသာပါ....။
သူကကျွန်တော့်ခေါင်းကဆံပင်လေးကိုသပ်ပြီးအမြဲပြောတတ်တယ်...။

"မင်း ကအရမ်းလှတာပဲ"တဲ့လေ...။

သူကအရမ်းချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်ပါ..။
ကျွန်တော်ကိုလည်းအရမ်းချစ်တယ်...။
သူဘယ်သွားသွားကျွန်တော့်ကိုခေါ်တယ်...။
ချစ်တယ်ဆိုတာဘာလည်း...။
ပျော်တယ်ဆိုတာဘာလည်း...ကျွန်တော်သေချာမသိပေမယ့် သူ့အနားပဲနေချင်မိတယ်....။
သားသတ်သမားကြီးအိမ်မှာဆို မှောင်မိုက်နေတဲ့အခန်းထဲပဲနေရတယ်...။
ည ညတို မူးပြ​ီးကိုင်ပေါက်လို့ကျွန်တော့ခြေတွေလက်တွေ ပျက်ဆီးတာတွေကြုံရတယ်...။
ဒီကောင်လေးက သူနဲ့အတူတူတောင်ကျွန်တော်ကိုအိပ်ခိုင်းတယ်...။
ကျွန်နော်သူနဲ့ပဲတသက်လုံးနေချင်တယ်...။
သူ့ကိုပျော်ရွင်မူ့ပေးရင် ကျွန်တော့်ကိုလည်း သူမစွန့်ပစ်လောက်ဘူးဆိုပြီးတွေးမိတယ်....။
ဒါပေမယ်​့ တစ်နေ့ သခင်လေးနေမကောင်းဖြစ်တယ်...။
အစကဖျားတယ်ဆိုယုံလောက်လို့ထင်ခဲ့ပေမယ့် သွေးအန်သည်ထိပါဆိုးဝါးလာခဲ့တယ်....။
ကျွန်တော်သူ့ကိုအိပ်ယာကထစေချင်တယ်...။
အရင်လိုကျွန်တော်နဲ့ကစားစေချင်တယ်...။
နေမကောင်းတဲ့သူ့ဘေးနားမှာကျွန်တော်ရှိနေပေမယ့် ဘာမှမတတ်နိူင်ခဲ့ဘူး...။
သူသွေးအန်တာ..သူနေမကောင်းတာပဲထိုင်ကြည့်ဖို့ပဲတတ်နိုင်ခဲ့တာ..။

dollOnde histórias criam vida. Descubra agora