💚10💚

214 37 4
                                    

-

"ဟိုလေ....Min Hyung Shi!"

"အင်း.. ဝင်ခဲ့!"

ဝင်လာဖို့ပြောပေမယ့် အကြည့်တို့က တံခါးဝတွင်ရပ်နေသည့် Haechanထံတွင်မရှိ။ စားပွဲပေါ် ရှုပ်ပွနေသည့် စာရွက်ပုံကြားခေါင်းစိုက်နေသည့်Min Hyungက ဝင်လာသည့်Haechanအား သတိမထားသလို၊မော့ပင်ကြည့်မလာပဲ မေးခွန်းထုတ်လာသည်။

"မင်း စာချုပ်ကိစအတွက်ပြောမယ်ဆို ကိုယ်အခုအချိန်မပေးနိုင်သေးဘူး Haechan!"

"အာ...အဲ့လိုမဟုတ်...!"

"အရမ်းအရေးကြီးတဲ့အရာမဟုတ်ရင် အိမ်ရောက်မှပြောမလား?ကိုယ် အလုပ်များနေတယ်!"

Min Hyungက စာရွက်တွေပေါ်အကြည့်ခွာကာ Haechanအားတည့်"ကြည့်ရင်းပြောလာသည်။

"ဟုတ်!"

Haechanဆီက အဖြေရသည်နှင့် သူကခေါင်းတစ်ချက်ညိမ့်ကာ အတည်ပြုဟန်ပြတော့ ၊ Haechanလက်ထဲကစာရွက်လေးအား အနည်းငယ်ညှစ်လိုက်မိကာ၊ချာကနဲ လှည့်ထွက်လာခဲ့သည်။

ကုမဏီ အပြင်ဘက်သို့ စိတ်လွင့်ရင်းလျှောက်လာသည်ကြောင့်၊အဝင်ဝတွင် လူတစ်ဦးနှင့် တိုက်မိလေတော့သည်။

"ဘုတ်!" ! အာ့"!

"အာ....မင်း ရ ရဲ့လား ၊Sorry ကွာ ကိုယ်အလောတကြီးဝင်လာလို့ မင်းကို မမြင်လိုက်ဘူး!"

လဲကျနေသော Haechanအားထိုလူက အသာထူပေးကာ ၊တောင်းပန်စကားဆိုလာသည်။

"ရ....ရပါတယ် ၊ ကျွန်တော်မနာပါဘူး!"

Haechan ပြုတ်ကျသွားသည့်စာအိတ်လေးအား၊ထိုလူက ပြန်ကမ်းပေးကာ သူ့နာမည်အားမိတ်ဆတ်လေသည်။

"Sorry ပါကွာ ၊ ကိုယ်ထပ်တောင်းပန်ပါတယ် ။တောင်းပန်တဲ့အနေနဲ့ ကိုယ် မင်းကို အအေး တိုက်ပါရစေ။

"အယ်...မလိုပါဘူး ၊ခုကိစမှာက ကျွန်တော် စိတ်လွင့်နေတာလဲ ပါ တာမို့ ကျွန်တော်ကပဲ တောင်းပန်ပါတယ်။

"ဟုတ်ပါပြီဗျာ ကိုယ့်နာမည်ကLee Jenoပါ..!"

"Lee HaeChanပါ....Haechanလို့ခေါ်လို့ရတယ်...ဟီး!"

Haechan ပြန်လည်ပြုံးပြကာ၊ကမ်းပေးလာသည့်Jenoလက်အ ပြန်လည်ဆုပ်ကိုင်ကာနှုတ်ဆက်လိုက်သည်။

☘️Beautiful Pain☘️ Where stories live. Discover now