three shots / HE / sweet
(1)
"Hi Ricky!"
ကားစက်ကိုရပ်ပြီး ကျောင်းဝန်းထဲကို ခြေချလိုက်တာနဲ့ လှမ်းနှုတ်ဆက်ကြတဲ့ ကျောင်းသားတွေကို မမှုနိုင်သေး။ ဟိုဟိုသည်သည်နေရာမှာ နေ့ခင်းကြောင်တောင်ကြီး ပုလင်းမော့နေတဲ့ ကျောင်းသားတွေကိုလည်း ခါတိုင်းလို အမြင်မစောင်းနိုင်သေး။
အာရုံတွေက St.Laura တက္ကသိုလ်ကြီးရဲ့ မြက်ခင်းစိမ်းတွေပြည့်နေတဲ့ ဘောလုံးကွင်းဆီက လက်ရွေးစင် ဘောလုံးသမားတစ်ယောက်ဆီ။ ထိုဘောလုံးသမား၏စိတ်ထဲတွင် သူရှိနေပါရဲ့လားတော့ မပြောတတ်ပေမယ့် အားလုံးသိကြတဲ့အတိုင်းပဲ။ သူက ကောလိပ်မှာ နာမည်အကြီးဆုံးအာရှသားတစ်ယောက်။
မွေးကတည်းက ရွှေဇွန်းကိုက်မွှေးလာပြီး စင်ကာပူ၊တရုတ်၊တောင်ကိုရီးယား၊နယူးယော့ခ်၊အယ်လ်အေရဲ့ နာမည်ကြီးနေရာတိုင်းမှာ Brandတွေထောင်ထားတဲ့ Shenမျိုးရိုးရဲ့ ဆက်ခံသူ။
ဆက်ခံသူတစ်ယောက်အနေနဲ့ သူ့ဘဝတစ်ယောက်လုံးက ပြဿနာတွေကို ဖြေရှင်းပုံက တစ်ခုတည်း။ ဥပမာပြောရရင်... အမ်း...။
"Hello, what can i get for you today?"
"I would like to have.... a cheese pizza for half pepperoni and half sauce, and... 1 beef burrito, also a glass of iced tea please"
"oh I am so sorry. All burritos are sold out today."
"Excuse me! Can I meet the manager?"
အနားရောက်လာတဲ့ မန်နေဂျာကို ကတ်ဒ်လေးထုတ်ပြပြီး ငွေရှင်းလိုက်တာနဲ့ ပြဿနာက ဖြေရှင်းလို့ပြီးသွားသည်။ စားချင်တာကို မစားရရင် ဘယ်လောက်စိတ်သောကများရသလဲ ဟိုဝတ်တာအမျိုးသမီးသိရင် ကောင်းမည်။
"သူဌေးလေး burritoဘယ်နှခုပြင်ပေးရမလဲ"
"1ခုပဲရယ်"
မျက်စိရှေ့ကို တန်းရောက်လာတဲ့ burritoတစ်ခုကို ပါးစပ်ထဲထည့်ဖို့ ကုန်လိုက်ရတဲ့ငွေက ဆိုင်တစ်ဆိုင်ကို ဝယ်ဖို့ သုံးလိုက်ရတဲ့ငွေ။ ဒါဟာ သူ့နေ့စဥ်ဘဝရဲ့ life styleသံသရာလည်နေပုံပါပဲ။ မုန့်တွေထွက်စားတယ်၊ ပစ္စည်းတွေထွက်ဝယ်တယ်။ လိုချင်တဲ့ပစ္စည်းတွေ မရောင်းပေးနိုင်တော့ဘူးလို့ပြောလာတဲ့အခါ တစ်ဆိုင်လုံးကို ဝယ်ချပစ်လိုက်တယ်။
YOU ARE READING
Strawberry Soda • 굽맄
Fanfiction𝗞𝗶𝗺 𝗚𝘆𝘂𝘃𝗶𝗻 × 𝗦𝗵𝗲𝗻 𝗥𝗶𝗰𝗸𝘆 𝑐𝑜𝑛𝑔𝑟𝑎𝑡𝑢𝑙𝑎𝑡𝑜𝑟𝑦 𝑝𝑟𝑒𝑠𝑒𝑛𝑡 𝑓𝑜𝑟 @𝑘𝑖𝑚𝑠𝑒𝑜𝑘𝑚𝑖𝑛 ♡︎ 𝐻𝑎𝑣𝑒 𝑎 𝑓𝑢𝑛 𝑟𝑒𝑎𝑑 . ➳ Happy ending ➳ Romantic comedy ➳ Student au ➳ three shots ➳ written in BURMESE