1

82 2 0
                                    

အချစ်
အချစ်ဆိုတာက
ပူလောင်ခြင်းလား သို့တည်းမဟုတ် အေးချမ်းခြင်းလား
ဘယ်အရာကအချစ်လဲဆိုတာကိုကျွန်တော်မသိဘူး
ကျွန်တော်လူတစ်ယောက်ကိုတစ်ခါထပ်ပြီးချစ်မိသွားခဲ့တယ်
ချစ်ခြင်းမေတ္တာဟာနွေးထွေးပါရဲ့လား...ချစ်ခြင်းမေတ္တာတို့သည်လုံခြုံပါရဲ့လား
ကျွန်တော်သိသောချစ်မေတ္တာသည်ကျွန်တော့်ကိုသင်ပြစမှာပင်ကျွန်တော့်ထံမှထွက်ပြေးခဲ့သည်။
မေတ္တာနောက်သို့လိုက်သောကျွန်တော်သည်အမှောင်ထဲတွင်လမ်းပျောက်ခဲ့ပြီ။
ဘယ်လိုဘယ်အရာဘယ်လွဲမှားမှု့ ဘယ်မာနတွေက ကျွန်တော့်ကိုလမ်းပျောက်စေခဲ့သလဲ။
ကျွန်တော်သူ့ကိုချစ်ပါတယ်။ကျွန်တော့်ကိုယ့်ကိုယ်ကိုပင်ချစ်ဖို့မေ့လောက်သည်အထိကျွန်တော်သူ့အပေါ်တွင်မေတ္တာရှိပါသည်။
ကျွန်တော်ချစ်သောသူ အေးချမ်းပါစေ... ဘေးကင်းပါစေ...မေတ္တာဖြန်းလို့လန်းပါစေ...
တုန့်ပြန်မေတ္တာ တုန့်နှင်းမေတ္တာ စစ်မှန်လျှင် သွားလမ်းသာလို့ မာပါစေ ပြန်လမ်းသာလို့ လာလမ်းဖြောင့်ပါစေ...
ကျွန်တော်သူ့ကိုဘယ်လိုဘယ်ပုံချစ်သွားသလဲဆိုသည်ကိုမသိ..သူသည်ကျွန်တော့်ရဲ့ဖြစ်တည်ရာဖြစ်သည်...ကျွန်တော့်၏လမင်းကြီးဖြစ်သည်...
ချစ်မေတ္တာဟာနာကျင်စေသလား
ဟင့်အင်း ကျွန်တော်မသိပါ
ကျွန်တော်သည်ချစ်မေတ္တာနှင့်ပတ်သတ်၍ ထိုသင်ခန်းစာကိုပြီးဆုံးအောင်မသင်ခဲ့ရပါ။
ကျွန်တော်ချစ်သောသူ၏ထွက်ပြေးမှု့သည်နာကျင်စေသည်
ကျွန်တော့်အားပူလောင်စေသည်။ကျွန်တော့်အားလွမ်းမောစေသည်တမ်းတစေသည်နာကျင်ကြေကွဲစေသည်။
ချစ်ပါသည်သူ့ကိုချစ်ပါသည်
ပူလောင်ပါသော်လည်းပိုးဖလန်မျိုးမီးကိုတိုးမို့ အဘယ်အပူ မမူမိဘဲ ဆက်လှမ်းလို့သာတိုးပါမည်။နာကျင်မှု့လည်းရှိပါသည်။ထွေးပိုက်၍သာထားပါမည်။

ချစ်သည် ထပ် ၍ပြောမည်။ချစ်ပါသည်။
အကြိမ်အခါခါပြောပါမည် ကျွန်တော်သူ့ကိုချစ်ပါသည် ကျွန်တော်သူ့ကိုချစ်ပါသည်။

အခ်စ္
အခ်စ္ဆိုတာက
ပူေလာင္ျခင္းလား သို႔တည္းမဟုတ္ ေအးခ်မ္းျခင္းလား
ဘယ္အရာကအခ်စ္လဲဆိုတာကိုကြၽန္ေတာ္မသိဘူး
ကြၽန္ေတာ္လူတစ္ေယာက္ကိုတစ္ခါထပ္ၿပီးခ်စ္မိသြားခဲ့တယ္
ခ်စ္ျခင္းေမတၲာဟာေနြးေထြးပါရဲ့လား...ခ်စ္ျခင္းေမတၲာတို႔သည္လံုၿခံဳပါရဲ့လား
ကြၽန္ေတာ္သိေသာခ်စ္ေမတၲာသည္ကြၽန္ေတာ့္ကိုသင္ျပစမွာပင္ကြၽန္ေတာ့္ထံမွထြက္ေျပးခဲ့သည္။
ေမတၲာေနာက္သို႔လိုက္ေသာကြၽန္ေတာ္သည္အေမွာင္ထဲတြင္လမ္းေပ်ာက္ခဲ့ၿပီ။
ဘယ္လိုဘယ္အရာဘယ္လြဲမွားမႈ႔ ဘယ္မာနေတြက ကြၽန္ေတာ့္ကိုလမ္းေပ်ာက္ေစခဲ့သလဲ။
ကြၽန္ေတာ္သူ႔ကိုခ်စ္ပါတယ္။ကြၽန္ေတာ့္ကိုယ့္ကိုယ္ကိုပင္ခ်စ္ဖို႔ေမ့ေလာက္သည္အထိကြၽန္ေတာ္သူ႔အေပၚတြင္ေမတၲာရိွပါသည္။
ကြၽန္ေတာ္ခ်စ္ေသာသူ ေအးခ်မ္းပါေစ... ေဘးကင္းပါေစ...ေမတၲာျဖန္းလို႔လန္းပါေစ...
တုန္႔ျပန္ေမတၲာ တုန္႔ႏွင္းေမတၲာ စစ္မွန္လ်ွင္ သြားလမ္းသာလို႔ မာပါေစ ျပန္လမ္းသာလို႔ လာလမ္းေျဖာင့္ပါေစ...
ကြၽန္ေတာ္သူ႔ကိုဘယ္လိုဘယ္ပံုခ်စ္သြားသလဲဆိုသည္ကိုမသိ..သူသည္ကြၽန္ေတာ့္ရဲ့ျဖစ္တည္ရာျဖစ္သည္...ကြၽန္ေတာ့္၏လမင္းႀကီးျဖစ္သည္...
ခ်စ္ေမတၲာဟာနာက်င္ေစသလား
ဟင့္အင္း ကြၽန္ေတာ္မသိပါ
ကြၽန္ေတာ္သည္ခ်စ္ေမတၲာႏွင့္ပတ္သတ္၍ ထိုသင္ခန္းစာကိုၿပီးဆံုးေအာင္မသင္ခဲ့ရပါ။
ကြၽန္ေတာ္ခ်စ္ေသာသူ၏ထြက္ေျပးမႈ႔သည္နာက်င္ေစသည္
ကြၽန္ေတာ့္အားပူေလာင္ေစသည္။ကြၽန္ေတာ့္အားလြမ္းေမာေစသည္တမ္းတေစသည္နာက်င္ေၾကကြဲေစသည္။
ခ်စ္ပါသည္သူ႔ကိုခ်စ္ပါသည္
ပူေလာင္ပါေသာ္လည္းပိုးဖလန္မ်ိဳးမီးကိုတိုးမို႔ အဘယ္အပူ မမူမိဘဲ ဆက္လွမ္းလို႔သာတိုးပါမည္။နာက်င္မႈ႔လည္းရိွပါသည္။ေထြးပိုက္၍သာထားပါမည္။

ခ်စ္သည္ ထပ္ ၍ေျပာမည္။ခ်စ္ပါသည္။
အႀကိမ္အခါခါေျပာပါမည္ ကြၽန္ေတာ္သူ႔ကိုခ်စ္ပါသည္ ကြၽန္ေတာ္သူ႔ကိုခ်စ္ပါသည္။

You've reached the end of published parts.

⏰ Last updated: Dec 04, 2023 ⏰

Add this story to your Library to get notified about new parts!

နှလုံးသားတစ်စုံ၏ဖွင့်ဟချက်များWhere stories live. Discover now