💚11💚

251 36 5
                                    


*
*
*

*

မဲမှောင်နေတဲ့ ကောင်းကင်ယံက မိုးစက်ပေါက်ကြီးတွေက၊ပူပြင်းလှတဲ့နွေရာသီအတွက် အငြိုးကြီးစွာရွာချနေသလားတောင်ထင်ရသည်။တစ်ညလုံးရွာချနေတာ၊မနက်လင်းမှတိတ်သွားလေသည်။ဟယ်ချန်းအပျင်းကြီးကာအိပ်ယာမထသေးပဲ၊လူးလှိမ့်ကာနေတုန်း တံခါးခေါက်သံနှင့်အတူ ၊အိမ်အကူအဒေါ်ကြီးအသံကဘအာရုံထဲဝင်ရောက်လို့လာသည်။

"သခင်လေး"!

"ဟုတ်....တံခါးလော့ခ်မချထားဘူး!"

"သခင်ကြီးက အဝတ်အစားလဲပြီး အောက်ထပ်ဆင်းလာဖို့ပြောခိုင်းလိုက်လို့ပါ"

"ဟုတ် ကျွန်တော်သိပြီ"

ကိုယ်ပေါ်လွှမ်းခြုံထားသည့်စောင်အားဖယ်ချကာ၊ဗီဒိုဘက်လျှောက်လာရင်း ဗီဒိုထဲက သင့်လျော်မည့် အဝတ်တစ်စုံအားရွေးကာဝတ်ပြီး အောက်ထပ်ဆင်းလာတော့ ၊ Sofaမှာထိုင်ကာ လက်စ်တော့ပ်ကြားခေါင်းစိုက်နေသည့် CEO...။ မင်ဟျောင်းအနား သူလျှောက်သွားကာ ခြေအစုံရပ်လိုက်ပြီး သူရောက်ပြီဖြစ်ကြောင်း အသိပေးမည့်ဆဲဆဆဲ၊ Min Hyungအသံက ဦးစွာထွက်ပေါ်လာသည်။

"အဒေါ်ကြီး သူ့ကိုမနက်စာစားဖို့ ပြင်ပေးလိုက်ပါ!"

"ဟုတ် သခင်လေး....၊ အကိုလေး ထမင်းစားဘက်အခန်းထဲ လိုက်ခဲ့ပေးပါ။

"ဟုတ်..!"

"နေအုံး....မင်း အမြန်စားဖို့လိုလိမ့်မယ်၊ မင်း အတွက် ကိုယ် 15minအချိန်ပေးမယ်!"

ထမင်းစားဆောင်ဘက်အလှည့် ၊အသံခပ်သြသြဖြင့် မိမိအားတချက်တောင်မော့ကြည့်မလာပဲ သူကခပ်အေးအေးပြောလာသည်။ပြောတာထက် Min Hyungစကားတို့မှာ အမိန့်တစ်ခုသာ။သူချစ်တဲ့တစ်ယောက်သောသူအတွက်ကလွဲရင်ပေါ့။

"သိပါပြီ...!"

ဟယ်ချန်းအောင့် သက်သက်ဖြင့်၊မီးဖိုဆောင်ဘက်ထွက်လာရင်း အဒေါကြီးပြင်ပေးထားသည့် ကိတ်မုန့်ချပ်နှင့်၊ကော်ဖီပူပူအားစတင်စားလိုက်တော့သည်။ကော်ဖီအား သတိမထားပဲ အလျင်စလိုသောက်လိုက်တာ​ကြောင့် လျှာကျက်သွားပေမယ့်၊မင်ဟျောင်းပေးတာက15minပဲမို့ မနက်စာစားခြင်းကို လက်စသတ်ကာ ဧည့်ခန်းကဆိုဖာဆီ ထသွားလိုက်သည်။

☘️Beautiful Pain☘️ Where stories live. Discover now