1

20.6K 1K 47
                                    

နယ်စပ်ကလူ

ဒါက နဥ်ယိုးရဲ့ဘဝမှာရှက်စရာအကောင်းဆုံး အခိုက်အတန့်ပဲဖြစ်လိမ့်မည်။

မြင်းစီးလာတဲ့သူကိုတွေ့လိုက်ပြီးနောက်မှာ သူက လက်တွေကိုအလျင်အမြန်ပဲဝှေ့ယမ်းလိုက်ပြီး တောင်စောင်းကနေဆင်းချလာခဲ့တာ သူ့ပုံစံဘယ်လိုဖြစ်နေလဲဆိုတာကိုမျှ ဂရုမစိုက်တော့ပေ။ မြင်းရှေ့မရောက်ခင်မှာ ရပ်လိုက်ဖို့ကြံရွယ်ထားပေမယ့် ကံဆိုးစွာနဲ့ပဲ သစ်ကိုင်းတစ်ခုနဲ့ ခလုတ်တိုက်မိပြီး သူမှောက်လျက်လဲကျသွားခဲ့သည်။

ဒုန်းစိုင်းပြေးလာခဲ့တဲ့မြင်းက လန့်သွားပြီး ရှေ့ခွာနှစ်ခုကိုမြှောက်ကာ ဟီသံအကျယ်ကြီးထွက်လာခဲ့သည်။

မြင်းရဲ့ခြေခွာတွေက နဉ်ယိုးကိုနင်းမိတော့မှာမှန်းမြင်တဲ့အခါ မြင်းပေါ်ကလူက ဇက်ကြိုးကိုတင်းနေအောင်ဆွဲလိုက်ပြီး မြင်းရဲ့ဦးတည်ရာကို ပြောင်းပေးလိုက်ကာ နဥ်ယိုးမြင်းနင်းမိပြီးလောလောလတ်လတ် ဝိညာဉ်သစ်ဘဝကူးပြောင်းမည့်အရေးမှ ကယ်တင်ပေးလိုက်သည်။

တောကြီးမျက်မည်းထဲမှာ လမ်းပျောက်နေခဲ့သည့် နာရီအနည်းငယ်အတွင်း နဉ်ယိုးတစ်ယောက် သေဖို့နည်းလမ်းပေါင်းများစွာစဉ်းစားမိခဲ့ပေမယ့် မြင်းနင်းမိပြီးသေသည်ကတော့ မပါဝင်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ် သူအသက်ရှင်ခဲ့လေပြီ။

မြေကြီးနံ့ကိုရှုသွင်းလိုက်ရင်း နဥ်ယိုး သက်ပြင်းရှည်ကြီးချလိုက်သည်။

မတိုင်မီကတည်းက သူ့ခြေထောက်တွေက အားကုန်နေခဲ့တာဖြစ်ပြီး အခုလိုလဲကျသွားပြီးတဲ့နောက်မှာတော့ နဉ်ယိုးရဲ့ ခန္ဓာကိုယ်ထဲက ကြိုးစားရှင်သန်ချင်စိတ်လေးက လုံးလုံးလျားလျား ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူက ညောင်းညာနေသည့်ခန္ဓာကိုယ်နှင့် မြေပြင်ပေါ်ဒီတိုင်း လှဲလျက်သားရှိနေပြီး ပြန်မထချင်တော့ပေ။

ဒါပေမယ့်လည်း သူ့ရဲ့မွေးရာပါ ဖုန်သဲကြောက်ရောဂါက သူ့ကိုဆက်လှဲနေခွင့်မပြုတာကြောင့် သူကြိုးစားပြီးပြန်ထလိုက်သည်။ ဒီတောကြီးထဲကနေ ဘယ်လိုပြန်ထွက်ရမလဲဆိုတာကို မြင်းပေါ်ကကြင်နာတတ်တဲ့သူဆီမေးမလို့ပြင်လိုက်ချိန်မှာပဲ ရိုင်းပျတဲ့ထီမထင်ဟန်နှင့် စကားသံကသူ့ခေါင်းပေါ်ကနေထွက်ပေါ်လာခဲ့သည်။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now