မချစ်မှန်းလည်း သိပါတယ်
အရေးမပါမှန်းလည်း သိတယ်
ဒါပေမယ့် ခင်ဗျားကိုပဲ
ကျွန်တော့် နှလုံးသားက တောင်းတနေမိတော့
ခက်သား....
၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့ ထိုအမျိုးသားငယ် ကျွန်တော့်ဆီက အပြီးတိုင် ထွက်သွားခဲ့တဲ့ နေ့!
ဓာတ်ပုံထဲက ပြုံးရယ်ပြနေတဲ့ အကို က သိပ်ကိုလှတယ်။
အကိုက ကြည်လင်ရှင်းသန့်ပြီး တည်တည်ကြည်ကြည်လေး နေတတ်သေးတယ်။
အကိုက ကြောင်လေးတွေကို ချစ်တတ်ပြီး ကလေးလေးတွေကိုလည်း ချစ်တတ်သေးတယ်။
ပြီးတော့အကိုက ကျွန်တော့်ကိုလည်း ချစ်သေးတယ်။
အကိုတကယ်တော့ ကျွန်တော့်ကို မချစ်ခဲ့သင့်ပါဘူး။
အကိုက ကျွန်တော့်လိုလူမျိုးကို မချစ်ခဲ့သင့်ဘူး။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
''ဇာတ်သိမ်းက ဘာကြီးလည်းကွာ...အစအဆုံး သေခြာ Ongoing လိုက်ခဲ့ပြီးမှ F**k ''
ဘေးအခန်းက ဆဲရေးတိုင်းထွာသံတွေ ထပ်ထွက်လာတာကြောင့် Doyoung လက်ထဲက စာအုပ်ကို ခုံပေါ် စောင့်ချကာ ဘေးအခန်းက အရိုင်းအစိုင်းကို ဆုံးမဖို့ သူ့အင်္ကျီလက်ကို တံတောင်အထိ ဆွဲ မ လိုက်ပြီး တစ်ဖက်အခန်းဆီ ဦးတည်လိုက်သည်။
'ဒေါက် ဒေါက် ဒေါက်'
ပထမ တစ်ခေါက် တံခါးခေါက်တော့ တုတ်တုတ်မှမလှုပ်ပဲ ဆက်တိုက်ကို ဆဲဆိုနေတဲ့အသံပေါင်းစုံသာ ကြားနေရတာကြောင့် Doyoung လျှာဖျားလေးကို သပ်၍ အံကိုကြိတ်ပြီး ခါးထောက်ကာ ခြေတံရှည်လေးတွေနဲ့ တံခါးကို အားနဲ့ ကန်လိုက်သည်။
ထိုအခါမှ အခန်းထဲက ဆဲရေးတိုင်းထွာသံအစုံက ခေတ္တငြိမ်သက်သွားပြီး တံခါးကို လာဆွဲဖွင့်သည်။
သန့်ရှင်းပြီး သပ်သပ်ရပ်ရပ်လေး နေတတ်တဲ့ Doyoungအဖို့ အထဲက ထွက်လာတဲ့ ဟောင်းနွမ်းနေတဲ့ စွပ်ကြယ်အဖြူနဲ့ ဘောလုံးဘောင်းဘီအနက်ကို ဝတ်ထားတဲ့ လူကိုကြည့်ပြီး Doyoung နှာခေါင်းရှုံ့လိုက်သည်။