💚13💚

260 38 5
                                    

*

*

*

မင်ဟျောင်းမောင်းလာသည့်ကားလေးက MoonLight ကိတ်ဆိုင်လေးအရောက်တွင် ထိုးရပ်သွားလေသည်။မင်ဟျောင်းက ခါးပတ်အားဖြုတ်ရင်း ဟယ်ချန်းရှိရာဘက်သို့ ကြည့်ကာပြောလာသည်။

"ဆင်းလေ..."

"ဟုတ်"

ဟယ်ချန်းရော မင်းဟျောင်းပါ ကားပေါ်မှအတူဆင်းရင်း ထိုကိတ်ဆိုင်လေးဆီ အတူဝင်ခဲ့ကြတော့သည်။ ဟယ်ချန်း မှန်ဘေူင်လေးအတွင်းမှ ချောကလက်ဖြင့်ပုံဖော်ထားသည့် ကိတ်ကလေးကိုမြင်တော့ မျက်လုံးအရောင်တို့ကလက်ခနဲ ဖြစ်သွားလေသည်။သူဝမ်းသာအားရဖြင့် ထိုကိတ်လေးအားလက်ညှိိုးထိုးကာ မင်ဟျောင်းအား ခေါ်လိုက်တော့သည်။

"CEO!!  ဒီဟာလေး..."

မင်ဟျောင်းက ကောင်တာက ဝန်ထမ်းမလေးဆီ စကားသာဆတ်ပြောနေကာ သူ့အားလှည့်မကြည့်လာခဲ့။ထို့ကြောင့် ဟယ်ချန်းအလျင်အမြန်ကောင်တာနားအပြေးသွားကာ မင်ဟျောင်း လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်တော့သည်။ထိုအခါမှ မင်ဟျောင်းကသူ့အားကြည့်လာကာ လေသံအေးအေးဖြင့်ပြောလာသည်။

"ဘယ်လိုခေါ်ရမယ်လို့ ကိုယ်ပြောထားခဲ့လဲ Bae"

"အာ... ကို...ကိုကို"

"တော်လိုက်တာ!! ကဲ... Baeက ဘာလိုချင်လို့လဲ!?

မင်ဟျောင်း၏ ပြုမူပုံကြောင့် ဟယ်ချန်းကြောင်အသွားကာ၊ ပြောစရာစကားပင်ပျောက်ရှသွားရသည်။ မင်ဟျောင်းအကြည့်တို့ကတော့ ရွင်ပြနေဆဲ။ ကောင်တာက ဝန်ထမ်းမလေးမှာလဲ မိမိတို့အား အားကျနေသဟောင် ပြုံးပြနေလေသည်။

"ဟင်!?...Bae ဘာလိုချင်လဲလို့ဆိုနေ!?

မင်ဟျောင်းက မိမိလက်အပေါ်အုပ်ကိုင်ကာ အမေးစကားထပ်ဆိုတာမို့ ဟယ်ချန်း အထစ်ထစ်အငေါ့ငေါ့ဖြင့် မှန်ဘောင်ရှိရာလက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ဟို....ဟို မှန်ဘောင်ထဲက ချောကလက်ကိတ်လေး"

"ကောင်းပြီ ၊ သူ လိုချင်တဲ့ကိတ်လေး သေချာထုပ်ပိုးပြီးထည့်ပေးပါ။နောက်ပြီး....ကျွန်တော်စောနကပြောထားတဲ့ ကိတ်ကို အချိုလျော့ပြီး လုပ်ပေးထားပါ။ကျွန်တော် အပြန်ဝင်ယူမယ်!"

☘️Beautiful Pain☘️ Where stories live. Discover now