💚14💚

233 37 4
                                    


*

*

*

မနက်ခင်းနေရောင်ခြည်နုနုတို့က ဖဲမွေ့ယာထက် အိပ်စက်နေသော ဟယ်ချန်းမျက်နှာပေါ်သို့ ဖြာကျလို့နေလေသည်။

" အဟက်!" သူ ဘယ်လိုတောင် အိပ်နေနိုင်ရတာလဲ!?

မင်ဟျောင်း အိပ်ခန်းထဲ ဝင်လာကာ ဟယ်ချန်းအား နှိုးရန် ကုတင်ရှ်ိရာဆီလျှောက်လှမ်း လာပြီး
ကုတင်နားရောက်သည်နှင့် လက်တစ်ဖက်အား‌မြှောက်ကာလှမ်းလိုက်စဉ် ၊ နေရောင်နုနုတို့ ဖြာကျနေသည်ကို တစ်စက်လေးတောင်မနှိုးဘဲ ၊အိပ်မောကျနေသည့် ဟယ်ချန်းအား သူအတော်ပင် အံ့ဩမိပါသည်။ ဟယ်ချန်းအရမ်းအိပ်မောကျနေသည်မို့ သူမနှိုးတော့ရန် ဆုံးဖြတ်ကာ ၊
လမ်းအားပြန်ရုတ်သိမ်းပြီး၊
ခြေလှမ်းကျဲများ ဖြင့် ပြတင်းပေါက်ဆီ လျှောက်သွားရင်း လိုက်ကာအား ဆွဲပိတ်ပေးလိုက်သည်။ထို့နောက် ကုတင်ရှိရာဆီ ငဲ့စောင်းကြည့်ကာ....

"မင်း အိပ်နေပြန်တော့လဲ အတော်လေး ကြည့်လို့လှတာပဲ 𝐻𝑎𝑒𝑐ℎ𝑎𝑛"

‌‌ခြေသံ ခပ်ဖွဖွ အခန်းထဲက ထွက်ခွာသွားသည်ကို ၊အတည်ပြုပြီးသည်နှင့် ဟယ်ချန်းမှိတ်ကျထားသော မျက်လုံးအစုံအားဖွင့်ကာ သူ့နှူတ်ခမ်းပါးထပ် အပြုံးလှလှလေး တစ်ခု ဖြစ်ပေါ်လာလေသည်။

"ဒါ အိမ်မက် မဟုတ်ဘူးမလား!?

ဟယ်ချန်း ခြုံစောင်အား ခေါင်းထိလွှမ်း ခြုံကာ ၊အ‌ပျော်လွန်သည်မို့ အိပ်ယာထဲ တွန့်တွန့်လူးနေတော့သည်။

.

.

"𝑀𝑜𝑟𝑛𝑖𝑛𝑔 𝑅𝑒𝑛𝑗𝑢𝑛"

ဟယ်ချန်းလှေကားအတိုင်းပြေးဆင်းလာကာ ၊ဧည့်ခန်းဆိုဖာနားတွင်အရပ် မိမိအား ကျောပေးကာ မနက်စာစားနေသည့် 𝑅𝑒𝑛𝑗𝑢𝑛 အားနှုတ်တတ်တော့ အပြုံးလေး ဖြင့် နှုတ်ဆတ်လေသည်။

"𝐴𝑟𝑟....𝑀𝑜𝑟𝑛𝑖𝑛𝑔 𝐻𝑎𝑒𝑐ℎ𝑎𝑛 ...ဘယ်လိုလဲ ခေါင်းမူးနေသေးလား!?

"ခေါင်းမူးတာက ပျောက်သွားပြီ ၊ဒါပေမယ့် ကိုယ်လက်တွေနာနေတယ်"

"ဒါဆို မနက်စာစားပြီး ဆေးသောက်မလား!? ငါ အိမ်တော်ထိန်းကို ပြင်ခိုင်းလိုက်မယ်"

☘️Beautiful Pain☘️ Where stories live. Discover now