TO THE BONE + 1

1K 110 5
                                    

꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡

♡⁠˖⁠꒰⁠ᵕ⁠༚⁠ᵕ⁠⑅⁠꒱

||  အချစ်တွေဟာ တိတ်တဆိတ် ပွင့်လန်းကြ
တယ်လို့ ပြောရင် ဂျယ်ယွန်း လက်ခံမိမှာပင် ။
ရင်ထဲမှာ မျိုးစေ့ချလိုက်သည့် အချိန်မှစ၍ အဖူး
အငုံဘဝကနေ ပွင့်လန်းလာပြီး နောက်ဆုံးကြွေ
ကျသည်အထိ အလွန်တိတ်ဆိတ်လွန်းသည်မ
ဟုတ်လား။ သူကိုယ်တိုင်လည်း ထိုဥပမာကဲ့သို့
သာ နေထိုင်ကျင့်သုံးချင်ခဲ့သည်။ တစ်ဖက်လူ
အတွက် သူ့ရင်ထဲက ပန်းတစ်ပွင့်ကို တိတ်တိတ်
ကလေးပျိုးထောင်လာခဲ့ပြီး သူ့အလိုလိုကြွေကျ
ခံလိုက် မည်။ ဒီလိုဆို ဘယ်သူ့အတွက် မှ မခက်
ခဲတော့ဘူး။

ဂျယ်ယွန်း ဘဝထဲကို သူဝင်ရောက်လာပုံမှာ လှလှပပ ပါပဲ။ ချယ်ရီပွင့်တွေ ကြွေနေတဲ့အချိန်
အချိုရည်စက်ထဲ အကြွေစေ့ဝင်သွားလို့ ပြာယာ
ခက်နေတဲ့ သူ။

အဝေးတစ်နေရာမှ ကောင်လေးအုပ်စုသံကိုကြား
ရတော့ ဂျယ်ယွန်း အမြန်အမြန်နှင့်အတင်းကာ
ရော ပိုက်ဆံအိတ်ကို ထုတ်မိတာပါပဲ။ အလျင်
လိုကာမှ ပိုပြီး နှောင့်နှေးရသလို ပိုက်ဆံအိတ်ထဲ
က အကြွေစေ့တွေက ချလွမ်သံပေးပြီး ချယ်ရီ
ပွင့်တွေနဲ့အတူ လမ်းမပေါ် ကခုန်နေကြတော့
တယ်။

ဂျယ်ယွန်း စိုးထိတ်သွားပြီး ဆောင့်ကြောင့်ထိုင်
ချလိုက်ကာ လက်ရဲရဲလေးနဲ့ ပိုက်ဆံတွေကိုပြန်
ကောက်နေချိန် သူ့ရှေ့သို့ ထိုင်ချလာသည့် သူ။
မော့ကြည့်လိုက် မိချိန်မှာ ထိုသူ၏ မျက်ဝန်းတွေ
ထဲ ဂျယ်ယွန်း နစ်မြုတ်သွားခဲ့သည်။ ထိုအချိန်
က အရာအားလုံး၏ အစဖြစ်ခဲ့သည်။

သူက ဟီဆွန်း။ သူ့ရဲ့ တစ်ဖက်သတ်အချစ်
ဟီဆွန်း။ သူ့ရဲ့နောက် မလှမ်းမကမ်းမှာတော့
စက်ဘီးကို ကိုင်ရင်း ရပ်နေကြသည့် ကောင်
လေးသုံးယောက် မှာ မကြာမှီအချိန်အတွင်း
သူ့အတွက် အကောင်းဆုံး သူငယ်ချင်းတွေ
ဖြစ်လာကြမည့် ဂျုံဆောင်း၊ ဆောနူနဲ့ ဂျောင်
ဝန်းတို့ပင်။

High School Crush : to the boneWhere stories live. Discover now