ပျော်ရွှင်မှု

225 44 4
                                    

           
                    "ရှန်! ..... ရှန် !... "

       ခြံအတွင်း ထယ်ရယ့်ရဲ့ အသံစာစာလေးကထွက်လို့လာသည်။ရစ်ခီဒီမှာနေတဲ့ ကာလအတွင်း အများကြီးစိတ်ချမ်းသာရသလို အများကြီးလည်းပြုံးရယ်ဖြစ်သည်။J တို့သာ သူ့ရဲ့ဒီလိုပုံစံမြင်ရင် အံ့သြလွန်းလို့ အောက်မေးပြုတ်ကျလောက်ပါသည်။ အရင်တုန်းကသူက အဖွဲ့ထဲမှာ ရုပ်အတည်ဆုံးမလား။ ဒါ့အပြင် ထယ်ရယ်ဆိုသည့်ကောင်လေးက မျက်စိသာမမြင်တာ စွာလည်းစွာတဲ့အပြင် သာလိကာလေးဖြစ်နေတာကိုလည်းသိလာရသည်။မဟုတ်သေးပါဘူး သာလိကာမဟုတ်ဘဲ တောက်တဲ့လေးများလား .... ရစ်ခီသွားတာနဲ့ နောက်ကနေလိုက်ခေါ်တတ်တာ ....။

           "ကိုယ်ဒီအနောက်မှာ ......."

ကိုယ့်အတွေးကိုယ်သဘောကျစွာရယ်ရင်း ရစ်ခီ အနောက်ကနေ အသံလှမ်းပြုရသည်။ ခနနေတော့ ယူမီနဲ့အတူတုတ်တစ်ချောင်းနဲ့ဟိုစမ်းဒီစမ်းလုပ်ကာ ရောက်လာသည်။

         "ဘယ်နားမှာလဲ ရှန် ...."

         "မင်းရှေ့တည့်တည့်မှာ ထိုင်ချလိုက် ...."

ရစ်ခီပြောတော့ ထယ်ရယ်က တုတ်နဲ့အသာစမ်းရင်း ရစ်ခီ့ကိုထိမိခါမှ တုတ်ပြန်ရုတ်ကာ ဆောင့်ကြောင့်လေးအသာထိုင်သည်။ ထို့နောက် လက်နှစ်ဖက်အား ဒူးပေါ်အသာယှက်တင်ကာ ရစ်ခီရှိလောက်မည့်ဘက်ကို ကြည့်သည်။ဘေးက ယူမီကလည်း သူ့သခင်လိုအသာလေးငြိမ်ဝပ်နေသည်။

         "ဘာလုပ်နေတာလဲဟင် ..... "

          "အပင်စိုက်နေတာ ..... "

         "ဘာအပင်လဲ .....ဘာလို့စိုက်တာလဲ .... "

         "မင်းသူငယ်ချင်းက ဒီနေရာမှာ ပန်းခင်းကြီးရှိတယ်လို့ ပြောထားတယ်မလား ... ကိုယ်က အဲပန်းခင်းကြီးဖြစ်အောင်လုပ်ပေးမလို့..... "

        "တကယ်လား? ......"

ထယ်ရယ်ဝမ်းသာအားရ ဖြစ်ပြီးခါမှ မျက်နှာလေးကပြန်ညှိုးသွားသည်။

      "ဟင်းးးးးး ဒါပေမဲ့ ထယ်ရယ်မှ မမြင်ရတာ ....အဲဒီပန်းခင်းဖြစ်လာမှာကို .... "

ထယ်ရယ် အပြောကြောင့် ရစ်ခီက လက်ထဲက ကိုင်ထားတဲ့ တူရွင်းအား အသာချလိုက်ပြီး လက်အိတ်ချွတ်လိုက်သည်။ ထို့နောက် ...လက်နှစ်ဖက်ယှက်ကာထားသည့်ထယ်ရယ့်လက်တို့မှ တစ်ဖက်အားအသာယူကာ .....ခေါ်လိုက်သည်။

Still With You [ COMPLETED ]Where stories live. Discover now