အမှန်တရား

231 38 5
                                    

                  ခြံထဲသို့ဝင်လိုက်တာနဲ့ ပိုမိုထက်တိတ်ဆိတ်နေတဲ့ အနေအထားကြောင့် ရစ်ခီမျက်မှောင်တို့ကြုံ့သွားသည်။ ထယ်ရယ်က ရှေ့ကနေ တုတ်နဲ့စမ်းကာဝင်ရင်း ယူမီကိုခေါ်သည်။ အရင်ကဆို ထယ်ရယ့်အသံကြားတာနဲ့ ဂေဟာအတွင်း ဘယ်နေရာကဖြစ်ဖြစ် ထွက်လာပြီးပြေးကြိုတတ်တဲ့ ယူမီက အခုတော့ထွက်မလာတာမို့ ရစ်ခီတစ်ခုခုထူးဆန်းနေမှန်းသိလိုက်ရသည်။

              "ထယ်ရယ် !  ခနလေး ..... "

အိမ်ထဲဝင်တော့မည့် ထယ်ရယ့်ကိုတားရင်း သူ့နောက်သို့ပို့ကာ ရစ်ခီရှေ့ကဝင်လိုက်သည်။

       "ရှန် ! .... ယူမီက ဘာလို့ထွက်မလာတာလဲမသိဘူး ဂေဟာဘက်များရောက်နေတာလားဟင် ... "

အရင်ကဆို ထယ်ရယ့်အသံကြားတာနဲ့ ခြေထောက်နားပွတ်သပ်ပြီး ရောက်လာတတ်တဲ့ ကလေးလေးက ရောက်မလာတာကြောင့် ထယ်ရယ် မေးလိုက်သည်။ ရစ်ခီက ထယ်ရယ့်ရှေ့ကနေ အိမ်ထဲကိုအရင်ဝင်လိုက်သည်။ ဆိုဖာအောက်ခြေနားမှာ သွေးအိုင်ထဲ လဲနေတဲ့ယူမီကြောင့် ရစ်ခီ ဖြည်းဖြည်းချင်းအနားကပ်သွားလိုက်တော့ ဆိုဖာဘေးဘက်မှာစာတစ်စောင်ကို သွေးစွန်းနေတဲ့ ဓားနဲ့ ဖိလျက်ချထားပြီး သူ့ကိုချိန်းဆိုထားသည့်စာတစ်စောင်။ သူဖွင့်ဖတ်ကြည့်လိုက်တော့

   *မင်း  မသေသေးတာသိတယ် Ricky , နောက်တစ်ပတ်တနဂ်နွေ အခု ချိန်းထားတဲ့နေရာကို ပစ္စည်းတွေနဲ့ မလာရင် မင်းနဲ့အတူရှိနေတဲ့ မျက်မမြင်လေးနဲ့ ဂေဟာက ဘာဖြစ်သွားမယ်ဆိုတာ အာမမခံဘူး ... မင်းလူတွေကိုဆက်သွယ်မယ်မလုပ်နဲ့နော် တနဂ်နွေမတိုင်ခင် မင်းဘေးကဟာလေး သူ့ခွေးလေးလိုဖြစ်သွားမယ် * ဆိုသည့် စာ။

သူဒီထက်ပိုပြီး ရှောင်နေရင် ထယ်ရယ်နဲ့ ဂေဟာဘက်ကို ထိလာနိုင်သည်။ သူ့အတွက် အန္တရာယ်ဆိုတဲ့အရာက အတူတူယှဉ်တွဲလို့ နေနေကျမို့ ဘာမှမဖြစ်ပေမဲ့ ထယ်ရယ့်ကိုတော့ အန္တရာယ်ထဲ သူဆွဲမခေါ်နိုင်ပါ။ သူတစ်ခုခုဖြစ်ရင်တောင် ထယ်ရယ်ကထိခိုက်လို့မဖြစ်တာမို့ အချိန်တွေမကြာခင် သူဒီကမြန်မြန်ထွက်သွားမှဖြစ်မည်။ ရစ်ခီစာအားး ဒေါသတို့နဲ့ လုံးချေပစ်လိုက်ရင်း တောက်တစ်ချက်ခေါက်လိုက်သည်။ ထယ်ရယ့်ကိုထိရဲထိကြည့်လိုက်စမ်း ....။

Still With You [ COMPLETED ]Where stories live. Discover now