ကတိ

252 36 2
                                    

ပီပါအကြီးကြီးတွေဆင့်ထားတဲ့ ဂိုထောင်ဟောင်းအတွင်း အနံ့အသက်တို့ကအစ မသတီဖွယ်။ ခုံတစ်ခုပေါ်မှာ မက်သရူးကိုကြိုးတုပ်ထားပြီး မက်သရူးရှေ့ ခပ်လှမ်းလှမ်းးမှာ မီးပုံကြီးတစ်ခုဖိုလို့ထားသည်။ ဘေးမှာတော့ ဆေးလိပ်သောက်သူကသောက်နဲ့ ခပ်ထွားထွား လူကြီး တွေဆယ်ယောက်လောက်။ခေါင်းဆောင်လို့ထင်ရသည့် ဆံရှည်နဲ့ကောင်ကတော့ မက်သရူးနဲ့တည့်တည့် မီးပုံရဲ့တစ်ဖက်မှာ ထိုင်လို့နေသည်။ ခနနေတော့ ဂိုထောင်တံခါးဖွင့်သံနဲ့အတူ ဆိုင်ကယ်တစ်စီးက ပတ်ဝင်လို့လာသည်။ ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူရှေ့တိုက်ပစ်တော့မတတ်နီးသည့်နေရာထိမောင်းလာပြီးမှဘရိတ် အုတ်ချပစ်လိုက်သည်။ ထို့နောက် ဆိုင်ကယ်ပေါ်က ဆင်းလာသူက J။

Alex က မတ်တပ်ရပ်လိုက်ရင်း ...လက်ခုပ်တစ်ချက်ချင်းတီးကာ.....

"အစ်ကိုကြီးက ညီလေးတော့ချစ်ရှာသားပဲ .... "

"စောက်စကားမများနဲ့ ငါ့ညီကို ခုလွှတ်ပေး ...."

"ပစ္စည်းလေးပေးလေ... လက်ထဲရောက်တော့ လွှတ်ပေးမှာ အေးဆေးပေါ့ .... "

"အခုလွှတ်ပေး .... ငါ့ညီကငါ့လက်ထဲရောက်တာနဲ့ မင်းပစ္စည်းမင်းလက်ထဲ အရောက်ထည့်ပေးမယ် .... "

J ပြောတော့ Alex က သူ့လူတစ်ယောက်ကို အချက်ပြပြီးလွှတ်ပေးခိုင်းသည်။ မက်သရူးကိုကြိုးဖြေပေးပြီးတာနဲ့ J က မက်သရူးကိုသူ့ဘက်ဆွဲယူလိုက်ပြီး လက်တို့ကိုတင်းကျပ်စွာကိုင်လို့ထားသည်။ ထို့နောက် ယူလာသည့်ပစ္စည်းကို Alexလက်ထဲ ထည့်ပေးလိုက်သည်။ မက်သရူးကိုငဲ့ကြည့်မိတော့ နှုတ်ခမ်းထောင့်နဲ့ ပါးပြင်ပေါ်ကဒဏ်ရာတို့ကြောင့် J လက်သီးတို့ဆုပ်လိုက်မိရင်း .....

"ခွေးမသားတွေ ... သူ့ကိုယ်ပေါ်မှာ ဒဏ်ရာတွေ့ရင် မင်းတို့သေမယ်လို့ပြောထားပြီးသား ...."

အပြောနဲ့အတူ ရှေ့ကလူကို ဆောင့်ကန်လိုက်တာနဲ့ ဘေးကဝိုင်းဖို့ လာသော လူမိုက်များ။ ထိုအချိန်နောက်ထပ်ဆိုင်ကယ် တစ်စီးနဲ့အတူ ဝုန်းဒိုင်းကြဲကာဝင်ချလာရင်း ...ဆိုင်ကယ်ပေါ်ကနေ နံပါတ်တုတ်နဲ့ တစ်ယောက်ပြီးတစ်ယောက်လှလှပပရိုက်ချပစ်သည့်သူက Bin ။ ထို့အတူ Jကလည်း ရန်ပွဲအတွင်းရောက်နေပြီဖြစ်သည်။ မက်သရူးသာ ဘယ်အချိန်က ကိုကိုတွန်းထုတ်လိုက်သည်မသိ ထောင့်ကပ်သွားရင်း ကိုကိုတို့ကိုစိတ်ပူစွာကြည့်နေမိသည်။ ထိုအချိန် သူ့ဆီတုတ်နဲ့ပြေးဝင်လာသော လူတစ်ယောက်အား J ကမြင်ပြီးကြားထဲက ဖြတ်ကန်ပစ်ရင်း ထိုတုတ်နဲ့ ရိုက်ချပစ်လိုက်တော့ သွေးတို့ကဖြာခနဲ။ ဘယ်ဘက်က နောကိတစ်ယောက်ထပ်လာတော့ ရင်ဘက်ကို စောင့်ကန်ပစ်ရင်း လက်ထဲကတုတ်နဲ့ ထပ်ကာရိုက်သည်။ ထို့နောက် Bin ကိုအချက်ပြလိုက်တော့ Bin က အနားရောက်လာရင်း ... မက်သရူး ကို လက်လာဆွဲသည်။

Still With You [ COMPLETED ]Where stories live. Discover now