part 1

772 72 14
                                    

"‌လေယာဉ်ပျံကြီးရေ....
သားတို့ကိုလည်း လေယာဉ်ပျံကြီး သွားမဲ့နေရာကို ခေါ်သွားပါ လေယာဉ်ပျံကြီးရေ..."

မိုးကောင်းကင်ပေါ်က ‌ပျံထွက်သွားတဲ့ လေယာဉ်ပျံကြီးကို ကြည့်ပြီး တိမ်တွေပေါ် ခရီးသွားချင်မိတဲ့ 5 နှစ်သားကလေးတစ်ယောက်ရဲ့ ဆန္ဒလေးတစ်ခု ကလေးပီပီ လေယာဉ်ပျံကြီးကိုကြည့်ပြီး လေယာဉ်ပျံကြီးက ကလေးလေးရဲ့ဆန္ဒအတိုင်း လာခေါ်သွားရင် ကောင်းမှာပဲလို့ တွေးမိတာ အမှားတစ်ခု မဟုတ်ပေမဲ့ ကလေးလေးတွေးသလို လေယာဉ်ပျံကြီးနဲ့ခရီးသွားကြရတာ လူတစ်ချို့အတွက် ပျော်ရပေမဲ့ တစ်ချို့သောလူတွေအတွက် ဝမ်းနည်းခြင်းတွေရှိတယ်ဆိုတာ ကလေးလေးကြီးလာရင် လက်ခံပါ့မလား ?

"ကလေးတို့ရေ ထမင်းစားကြမယ်ဟေ့ လာခဲ့တော့ ထမင်းစားပြီးမှ ပြန်ဆော့ကြဟုတ်ပြီလား"

"ဟုတ်ကဲ့ "

ပြိုင်တူထွက်လာကြတဲ့ ကလေးတွေရဲ့အသံဆာဆာလေး အဲ့အသံဆာဆာလေးတွေထဲ ကွဲထွက်လာတဲ့ ကလေးငယ်တစ်ယောက်ရဲ့အသံလေး

" မေမေကလည်း လေယာဉ်ပျံကြီးကြည့်နေတာကို မေမေလုပ်လို့ လေယာဉ်ပျံကြီးပျောက်သွား
ပြီ ဒါမဲ့လည်း မေမေကထမင်းစားဖို့ခေါ်တာဆိုတော့ သားသားနားလည်ပါတယ်မေမေရယ် "

"ဂျင်ရယ် မင်းကလည်းစကားများလိုက်တာ လာအန်တီခေါ်နေပြီ ထမင်းစားမယ် "

" ဟုတ်ပါပြီမေမေ မှားတယ်ဟုတ်ပြီလား လာထမင်းစားမယ် သားတို့လည်း ဒီမှာတစ်ခါတည်းစားသွားလိုက်နော် "

" ဟုတ်ကဲ့ အန်တီ "

____________________________

" ငါ့ကိုမစွပ်စွဲနဲ့လို့ပြောနေတယ်မလား ငါ့သိက္ခာကိုလာမချနဲ့ မင်းသာဟိုကောင်နဲ့အပြင်သွားလိုက် ဒီကောင်နဲ့ club တက်လိုက်နဲ့ ငါကစီးပွားရေးအတွက် စီးပွားရှာနေရတဲ့အိမ်ထောင်ဦးစီးကွ ငါ့ကိုလာမစော်ကားနဲ့ "

" ရှင်လည်းကျွန်မကို မဟုတ်တာလာမပြောနဲ့ ရှင်က အိမ်ထောင်ဦးစီးမို့ စီးပွားရှာနေတာဆိုရင် ကျွန်မလည်းအလုပ်လုပ်နေတာပဲ "

မကြားချင်ပဲ ကြားနေရတဲ့ အခန်းရှေ့က ဒယ်ဒီနဲ့မာမီရဲ့အသံများ ကြားရပါများပြီး အကျင့်လိုဖြစ်နေတော့ ဘာမှထူးပြီး မခံစားတတ်တော့တာတော့အမှန်ပဲ အသက်ငယ်ပေမဲ့လည်း ကလေးတစ်ယောက်ကြီးလိုပျင်းလာခွင့်မရှိတဲ့ ကလေးငယ်အတွက်တော့ လောကဒဏ်ဆိုတဲ့ လူကြီးတွေပြော‌ေပြာနေတဲ့ အရာနဲ့တွေ့ဖို့တော့ လေးနှစ် ဆိုတဲ့ အရွယ်က ငယ်လွန်းတယ်မလား ?
ဒါမဲ့ ဒီဒဏ်တွေကိုကျွန်တော် ခံစားနိုင်ပါတယ် ကျွန်တော့်ကို နွေးထွေးကြင်နာမှု့ ဂရုစိုက်မှု့တွေမပေးလည်း ရပါတယ် ဒါမဲ့တစ်ခုပါပဲ ကျွန်တော့်ကိုတော့ အားလုံးနဲ့အဝေး ကျွန်တော်ချစ်ရတဲ့ အိမ်နီးချင်းလေးရဲ့အဝေးကို ကျွန်တော့်ကိုမပို့လိုက်ကြပါနဲ့ လေယာဉ်ကိုတစ်ယောက်တည်းစီးပြီး ဘွားဘွားရှိတဲ့နိုင်ငံကိုသွားဖို့အတွက်က ကျွန်တော့်ရဲ့ လေးနှစ်ဆိုတဲ့အသက်က ငယ်လွန်းတယ်မလား

Love Point Where stories live. Discover now