ခွဲခွာခြင်း ( သို့ ) ဆုံစည်းခြင်း

317 44 5
                                    

                 နေ့လည်ကအထိ ကြည်လင်နေတဲ့ ကောင်းကင်ဟာ ညနေမှာ တိမ်မည်းတို့ အုပ်မိုးလို့လာသည်။ ထို့နောက် မိုးဖွဲလေးများမှတဆင့် မိုးရေစက်တို့အသွင်နဲ့ ရွာချလို့လာသည်။ ထယ်ရယ့်ဖို့မှာထားသည့် ကိတ်လေး သွားယူရမည့်အချိန်မှ သည်းလို့လာသည့်မိုးကြောင့် ရစ်ခီ စိတ်ပျက်လို့သွားမိသည်။

              "ကိတ်သွားယူခါနီးမှကွာ .... မိုးကလည်း .... "

ရစ်ခီ့ဆီက ညည်းတွားသံကြောင့်  ထယ်ရယ်က ....

            "မိုးရွာနေရင် မနက်မှယူပါ့လား ရှန် ..."

            "မွေးနေ့ကဒီနေ့လေ ထယ်ရယ်ရဲ့ ....ဘယ်ဖြစ်မလဲ ..ခနလေးစောင့်နော် ... ကိုယ်သွားယူလိုက်အုံးမယ် ..."

ရစ်ခီ ပြောပြီး ထီးတစ်ချောင်းယူကာ အပြင်ထွက်ဖို့ပြင်တော့

           "ရှန်!......"

ထယ်ရယ့်ဆီကခေါ်သံကြောင့် နောက်ပြန်လှည့်ကြည့်လိုက်သည်။ ထိုင်ခုံထက်က ထယ်ရယ်က ပါးချိုင့်တို့ပေါ်အောင်ပြုံးလို့ပြရင်း ...

         "မြန်မြန် ပြန်လာနော် ... ကျွန်တော်စောင့်နေမယ် .."

ထယ်ရယ့်ဆီကစကားကြောင့်  ရစ်ခီပြုံးလိုက်ပြီး အိမ်ကထွက်လာခဲ့လိုက်သည်။ ပန်းမှာထားသေးတာမို့  နေကြာပန်းစည်းအား အရင်ဝင်ယူပြီးမှ ကိတ်ဆိုင်သို့သွားသည်။ ကိတ်ယူပြီး ဆိုင်ကထွက်လာတော့ မိုးကသည်းလို့နေတုန်းမလို့ ထီးကတစ်ဖက် ကိတ်နဲ့ပန်းစည်းကတစ်ဖက်နဲ့ ရှုပ်လို့နေသည်။ ထယ်ရယ့်ကိုတစ်ယောက်တည်း ထားခဲ့တာမလို့  မြန်မြန်ပြန်ရန်ကိတ်ဆိုင်လမ်းကြားကနေ လမ်းထိပ်အထိ ခပ်သွက်သွက် လျှောက်လို့လာမိသည်။ ထို့နောက် လမ်းတစ်ဖက်သို့ ကူးရန် လမ်းမသို့အဖြတ် ကားမီးရောင်အား စုံထိုးကာ သူ့ဆီမောင်းဝင်လာသောကားတစ်စီး။  ရှောင်ဖို့ပြင်လိုက်ပေမဲ့ အချိန်မမှီတော့တဲ့အခါ မြောက်တက်သွားသော ခန္ဓာကိုယ်နဲ့အတူ ကားကတော့မရပ်ပဲ တစ်ရှိန်ထိုးမောင်းထွက်လို့သွားသည်။ မြေပြင်သို့ပြန်ကျလာသည့် ကိုယ်က နာကျင်ခြင်းတို့နဲ့အတူ ပါးစပ်က သွေးတို့ထွက်လို့လာသည်။ တစ်ခုဆီလွင့်လို့သွားသည့် ကိတ်မုန့်နဲ့အတူ နေကြာတို့က ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်။ ရှိသမျှ အားတို့နဲ့ ရုန်းကန်ရင်း နေကြာပန်းဆီ တရွေ့ရွေ့လက်လှမ်းမိတော့ သတိတို့က ကပ်တစ်ချက်၊ မကပ်တစ်ချက်။
      
         လမ်းမထက် မိုး​ရေတို့နဲ့အတူ သွေးတို့ပါရောကာ နီရဲလို့နေသည်။ ရစ်ခီ အိမ်မှာ စောင့်နေမည့်သူ၏ မျက်နှာလေးအား မြင်ယောင်မိတော့ မျက်ဝန်းတို့က မျက်ရည်တို့စီးကျလို့လာသည်။ ကိုယ် မြန်မြန်ပြန်လာမဲ့ ကတိမတည်နိုင်တော့ဘူးထင်တယ် ထယ်ရယ် ...။ ဒီလိုထားခဲ့ရမယ်ဆိုတာသာသိခဲ့ရင် ကိုယ် အဲနေ့ကတည်းက ဒီစကားကိုပြောခဲ့မိမှာ ... ချစ်တယ် ထယ်ရယ် ... မင်းမကြားနိုင်မှန်းသိပေမဲ့ မြတ်မြတ်နိုးနိုးနဲ့ချစ်တယ် ...ကိုယ်တို့ ပြန်တွေ့ဖို့အခွင့်လေးများ ရှိသေးရင် ဒီစကားလေးကို အရင်ပြောပါ့မယ် .....။ မှိတ်ချလိုက်သောမျက်ဝန်းတို့နဲ့အတူ မညှာမတာ ပိုသည်းလာသော မိုစက်များ။ လမ်းမထက်မှာတော့  မိုးရေတို့ရောနေသည့် သွေးစီးကြောင်းတို့ကြား ပျက်စီးနေသည့် ကိတ်မုန့် တစ်လုံးရယ်၊  ပြန့်ကျဲနေသည့် နေကြာတို့ရယ် .....။










Still With You [ COMPLETED ]Where stories live. Discover now