မှတ်ညဏ်များ

256 48 3
                                    

            3နှစ်ခန့်ကြာပြီးနောက် ........။

              "ထယ်ထယ် .... ကားသေချာမောင်းနော် ..."

ဖုန်းထဲကထွက်လာတဲ့ ဟျောင်းအသံကြောင့် ထယ်ရယ်ကားစက်နှိုးလိုက်ရင်းက ....

            "ဒါနဲ့ဆို ... ဟျောင်းပြောတာ 10ခေါက်လောက်ရှိပြီ..သိလား... "

         "စိတ်မချလို့လေ ... ကိုယ်တော်လေးရဲ့ ... ဟျောင်းနဲ့ နောက်နေ့မှသွားရအောင်လား ထယ်ရယ်ရာ ...."

ဖုန်းထဲကနေ ချော့မော့ပြောလာတဲ့ ဂျီအွန်းဟျောင်းစကားကြောင့်

          "ရပါတယ်ဆိုဟျောင်းရာ ... ဟျောင်းသာ ဟျောင်းရဲ့ၕည့်သည်သွားကြိုချည် ... ဂေဟာက ထယ်ရယ်နှစ်တိုင်း သွားနေကြပဲဟာ ...စိတ်မပူပါနဲ့ဆို ...နောက်ပြီး ဗြောလ်လေးပါတယ်လေ..."

       "ပြီးရော ပြီးရော ... ကားသေချာမောင်း ...မိုးနည်းနည်းအုံ့တယ် .... မိုးအခြေအနေကြည့်နော် .... "

       "ဟုတ် ... ဒါပဲနော် ...ဟျောင်း .... "

ဟျောင်းရဲ့စိုးရိမ်တကြီးစကားတွေကြားနာအပြီးမှာ ဖုန်းချလိုက်ပြီး ဂေဟာဆီသို့ထွက်ခဲ့လိုက်သည်။ ဆိုးလ်ကနေ ဘူဆန် ..ဟျောင်း မလွှတ်လည်းမလွှတ်ချင်စရာပေမဲ့ ထယ်ရယ်ကတော့ အားတိုင်းရောက်အောင်သွားပါသည်။ ပြတင်းပေါက်မှန်ကို ချလိုက်တော့ ခပ်သင့်သင့်လေက ဖြူးလို့ဝင်လာသည်။ နားထောင်လက်စ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်တော့ သူရေးစပ်ပေးထားသည့် သီချင်းဖြစ်လို့နေသည်။ ထိုသီချင်းအား ခပ်တိုးတိုးလိုက်ငြီးရင်း ကားမောင်းလာခဲ့သည်။ အချိန်တော်တော်ကြာမောင်းလာပြီးတဲ့နောက် ဂေဟာကိုရောက်သည်။ ကားပေါ်ကဆင်းလိုက်ပြီး ဘေးတစ်ဖက်က ဗြောလ်လေးကိုပွေ့လိုက်သည်။စစ်စတာကြီးဆီမသွားခင် သော့ခတ်ထားသည့် ခြံတံခါးလေးအား ဖွင့်လိုက်တော့ နှင်းဆီဖြူ အနံ့တို့က ပျံ့လွင့်လာသည်။ လက်ထဲကနေအောက်ချပေးလိုက်တာနဲ့ ဗြောလ်လေးက သူ့အိမ်သူ့ယာလိုမျိုးလျှောက်သွားတော့သည်။ တကယ်တော့ သူ့အိမ်သူယာဖြစ်ခဲ့တာပါပဲလေ။ အိမ်လေးနဲ့နီးလာလေ နှလုံးသားတို့ ဆွဲဖျစ်ထားသလိုခံစားရလေမို့ နာကျင်လာရသည်။ အမှတ်တရတို့ ပြန်လည်စိုးမိုးလာသည့်အခါ ပါးပြင်ထက် စိုစွတ်လာရသည်။ ဘယ်တွေများရောက်နေကြသလဲ ....။ အိမ်ထဲမဝင်တော့ပဲ စစ်စတာကြီးဆီသာ သွားလိုက်တော့သည်။ အသက်အရွယ်ကြီးရင့်လာပြီဖြစ်သည့် စစ်စတာကြီးဟာ ခုထိတော့ သန်လို့စွမ်းတုန်း။ ထယ်ရယ့်မြင်တော့ အပြုံးတို့နဲ့ကြိုသည်။

Still With You [ COMPLETED ]Waar verhalen tot leven komen. Ontdek het nu