ငါ မဟုတ်တဲ့ ငါ

258 47 4
                                    

                   ရစ်ခီ ရုံးခန်းထဲဝင်လာပြီးရှေ့ဆင့်နောက်ဆင့်မှာပင် တံခါးခေါက်သံတို့က ထွက်လို့လာသည်။ ဝင်လာဖို့ပြောလိုက်တော့ ဝင်လာတာက Bin ။ Bin ရဲ့နောက်မှာ ကပ်လို့ဝင်လာတဲ့သူကို မြင်တဲ့အခါ ရစ်ခီ့မျက်မှောင်တို့ကြုံ့လို့သွားသည်။  ဟိုကောင်လေး...။

          "Bin!  ..... "

            "ရစ်ခီ ...မင်းး. ဟိုတစ်နေ့က ကိစ္စမကြေသေးဘူးနော် ခွေးကောင် .... ငါနဲ့J မှာတော့ သွားကြိုလို့ မင်းကတော့ ..."

ရစ်ခီ့ဆီကိုလာပြီး ပုခုံးကိုလာရိုက်ကာပြောတဲ့ Bin ကြောင့် ရစ်ခီရယ်ကာ ရှောင်လိုက်ရင်း ...

         "ငါလည်း ဘာလို့မှန်းမသိ ... အဲကိုသွားချင်လာလို့ပါကွာ ..ဒါနဲ့ သူက.... "

ရစ်ခီ အပေါက်ဝက ကောင်လေးအား မေးဆတ်ပြကာမေး​တော့ Bin က.....

        "ဟုတ်သား ..... မိတ်ဆက်ပေးရအုံးမယ် .. ထယ်ရယ်လေး လာလေ...."

Bin ကခေါ်တော့ ထိုကောင်လေးက အသာရှေ့တိုးလို့လာပေမဲ့ မျက်လွှာတော့ချလို့ထားသည်။

          "ဒါက ကင်မ်ထယ်ရယ်လေ.... J အသည်းအသန်ရှာနေတဲ့ သူ့ရဲ့ ညီလေး လေ... မင်း accident ကြောင့်မေ့နေတဲ့အချိန် သူ့ကိုရှာတွေ့တာ ဆိုတော့ မင်း မသိလောက်ဘူး....သူက အခုမင်း Ent ရဲ့ တေးရေးဆရာလေ။  ထယ်ရယ်...ဒါက ဟျောင်းတို့ပြောပြောနေတဲ့ ဟျောင်းတို့ရဲ့သူငယ်ချင်း ဒီ Ent ရဲ့ CEO ..... ရစ်ခီ ..."

        "ဟုတ် .. တွေ့ရတာဝမ်းသာပါတယ် ..."

ထယ်ရယ် ဆိုသည့်ကောင်လေးက မော့မကြည့်ပဲ မျက်လွှာချထားရင်းကပဲပြောသည်။

ရစ်ခီက ခုနက သူကဒီကမှန်းမသိပဲ တစ်ဖက်သတ်အမြင်နဲ့ ပြောလိုက်တာ လွန်သွားတာကြောင့် ထိုကောင်လေးအား အားနာသွားရသည်။ သူ တောင်းပန်စကားပြောမလို့ပြင်လိုက်တုန်း.... ထိုကောင်လေးက ....

          "ဒါဆို ခွင့်ပြုပါအုံး .... ဟန်ဘင်းဟျောင်း  ပြီးမှ ကျွန်တော် ဖိုင်လာပေးလှည့်မယ်နော် .... "

နှုတ်ဆက်ပြီး ထွက်သွားသည့်​ကောင်လေးအား ရစ်ခီ မျက်စိတဆုံးလိုက်ကြည့်မိသည်။ မျက်လုံးချင်းတောင်ဆုံမလာတာမို့ အဲကောင်လေး ခုနကသူပြောလိုက်တာကို စိတ်ဆိုးသွားသည် ထင်ပါသည်။ တကယ်တမ်းသူ့အမှားသာမလို့သက်ပြင်းသာချမိလိုက်တော့သည်။ဒီကောင်လေးက တွေ့တာမကြာသေးတာတောင်သူ့အာရုံထဲနေရာလာလာယူနေတာပဲ။



Still With You [ COMPLETED ]Where stories live. Discover now