Step by step

327 49 2
                                    

         
                " ဟျောင်း........"

ထယ်ရယ် တံခါးခေါက်ပြီး ဝင်လိုက်ပေမဲ့ ဟျောင်းက အခန်းထဲမရှိ။ လိုအပ်တဲ့ ဖိုင်ကိုရှာဖို့ ဝင်ခဲ့လိုက်ပြီး ဟျောင်း အလုပ်စားပွဲနားသွားလိုက်သည်။

ရေချိုးခန်းထဲက ရေချိုးသံကြားတာမို့ ဟျောင်းရေချိုးနေသည်ထင်ပါသည်။ ထယ်ရယ် စားပွဲပေါ်၌ ရှာရမည့်ဖိုင်အား အံဆွဲတွေထဲပါ ရှာနေတုန်း ထွက်လာသည့် စာအိတ်တစ်ခု။ ကိုယ်နဲ့မဆိုင်လို့ ကျော်သွားမယ်လုပ်ခါမှ မက်သရူးဆိုသည့် နာမည်ကြောင့် ထယ်ရယ် ဖွင့်ဖတ်ဖြစ်လိုက်သည်။ မက်သရူးနာမည်တပ်ထားသည့်စာက ဘာလို့ဟျောင်းဆီရောက်နေတာလဲ .... ။ သိချင်စိတ်နဲ့ .ဖွင့်ဖတ်မိတော့ ..

         "   ကိုကို ........။

အရင်ဆုံး ထယ်ရယ်အဖြစ်ဟန်ဆောင်ခဲ့မိလို့တောင်းပန်ပါတယ်။ စတွေ့တဲ့နေ့ကတည်းက ရှင်းပြဖို့လုပ်ခဲ့ပေမဲ့ ဘွားကိုအိပ်ရာထဲလဲနေတာတွေ့တာမို့ ကျွန်တော်ပြောမထွက်ရက်ခဲ့တာပါ။ အဲလိုကနေ ဘွားဆီကရော၊ကိုကို့ဆီကရော ကျွန်တော်တစ်ခါမှမရဖူးတဲ့ မေတ္တာတွေကြောင့် ကျွန်တော်ခနလောက် လောဘတက်မိခဲ့ပါတယ်။  တကယ်တော့ ထယ်ရယ်နဲ့ကျွန်တော်က ဂေဟာမှာအတူတူနေခဲ့ကြတဲ့သူတွေပါ။ ဒီအကြောင်းကို ဖုံးကွယ်ထားမိလို့ တကယ်တောင်းပန်ပါတယ်။  ထယ်ရယ့်ကိုတွေ့ရင်လည်း သူကျေနပ်လောက်သည်အထိတောင်းပန်မှာပါ။ နောက်ပြီး  ထယ်ရယ်က ဂေဟာကို စရောက်ကတည်းက မျက်စိကွယ်သွားခဲ့တာပါ။ အဲတာကိုသိနေလျက်နဲ့တောင် အချိန်ဖြုန်းပြီး ဟန်ဆောင်ကပ်တွယ်နေမိခဲ့လို့ တကယ်စိတ်ရင်းနဲ့တောင်းပန်ပါတယ်။ ကျွန်တော် သူ့အတွက် မျက်ကြည်လွှာအလှူရှင်ရှာထားပြီးသားမို့ ထယ်ရယ့်ကိုသူ့မွေးနေ့မတိုင်ခင် သွားခေါ်ပေးရင် သိပ်ကောင်းမှာပဲ။
ဂေဟာလိပ်စာရော၊ မျက်ကြည်လွှာအလှူရှင်ရှာထားတဲ့ဆေးရုံလိပ်စာရော ကျွန်တော်ရေးပေးထားပါတယ်။ ကိုကို့ဆီကတောင်းခဲ့သမျှ ပိုက်ဆံတွေရော၊ ကိုကိုတို့ဝယ်ပေးသမျှ အဝတ်အစားတွေပါ ဒီအတိုင်းပြန်ထားခဲ့ပါတယ်။ဒီအတောအတွင်း အရာရာအားလုံးအတွက်ကျေးဇူးပါကိုကို....။ ကိုကိုပြောခဲ့သလို အခုကစပြီး ကိုကို့ရှေ့ကို ပေါ်မလာစေရပါဘူးလို့ကတိပေးပါတယ် ....။ တစ်ချိန်က ကိုကို့ရဲ့ ညီလေး .....
                                          မက်သရူး......။ "

Still With You [ COMPLETED ]Where stories live. Discover now