!!!!!တီ တီ တီ တီ တီ.!!!!!!!
"သောက်ကျိုးနဲ ဘယ်သူက လက်ယားပြီး alarmပေးထားတာလဲကွာ!"
ကုတင်ဘေးကတရစပ်မြည်နေတဲ့ alarmကိုထပိတ်ပြီးပြန်အိပ်မယ်ကြံရုံရှိသေး စာကြည့်စားပွဲပေါ်ကမြည်လာပြန်တဲ့ alarmကြောင့်ဒေါသက နည်းနည်းထွက်ချင်စပြုလာပြီဖြစ်သည်
ဒီလောက်ဆို သူနည်းနည်းတော့ရိပ်မိနေပြီ
ဘယ်သူ့လက်ချက်လဲဆိုတာ......"ဒီကောင်ကတော့ ငါလုပ်ရင်သေတော့မှာပဲ"
စားပွဲပေါ်က Alarmကိုပိတ်လို့ဓာတ်ခဲပါထုတ်ခဲ့ပြီးမှကုတင်ပေါ်ပြန်တက်မယ်ရှိသေး ဖုန်းကပါ alarmထမြည်လာတာကြောင့် မနေနိုင်တော့ပဲဆဲမိတော့သည်
"f*ck ခွေးသား အခန်းထဲရှိသမျှနာရီတွေအကုန် alarmပေးသွားတယ် နာရီစောင့်သရဲသေလို့များဝင်စားတာလားမသိဘူး "
ဖုန်းကAlarmကိုပိတ်လိုက်တာနဲ့ မရှေးမနှောင်းမှာပဲ ဝင်လာတဲ့ဖုန်းကြောင့် စိတ်ဆိုးဆိုးနဲ့ကိုင်လိုက်သည်
"သူတောင်းစား ငါ့ကိုဘာခိုင်းစားဦးမလို့လဲပြော"
ကိုယ်မရှိတုန်းအခန်းထဲဝင်ပြီးဒီလိုမွှေထားပြီဆို သူတစ်ခုခုလိုချင်လို့မှန်းအကြောင်းသိပြီးသားမို့ ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ လိုရင်းကိုတန်းမေးလိုက်သည်
"သွားစရာရှိလို့ ၈ခွဲရင် လာခေါ်မယ် ပြင်ထား"
ကိုယ့်ထက်သူကတောင်လိုရင်းတိုရှင်းပြောပြီးဖုန်းချသွားတာကြောင့် ဘေးနားကခေါင်းအုံးကိုလေးငါးချက်လောက်ထုရိုက်ပြီး လွှင့်ပစ်လိုက်သည်
လုပ်ချင်တဲ့လူကအနားမှာမရှိတော့ ရှိတာကိုပဲဒုက္ခပေးရတော့တယ် ဒင်းအမှတ်နဲ့ပေါ့~~~~
" အခုပဲ ၈နာရီထိုးနေပြီကို "
အိပ်ရာကိုဖြစ်သလိုထားခဲ့ပြီးရေချိုးခန်းထဲဒိုင်ဗင်ပစ်လို့ရေချိုးခြင်းကို၅မိနစ်နဲ့အပြီးသတ်လိုက်ကာ ဗီရိုထဲကတွေ့ရာတီရှပ်တစ်ထည်နဲ့ Style pantတစ်ထည်ကောက်စွပ်လိုက်ပြီး ရေမွှေးလေးတစ်ချက်နှစ်ချက်ဖြန်းလိုက်တာနဲ့ သူ့ရဲ့ဖြီးလိမ်းခြယ်သခြင်းအမှုကပြီးဆုံးသွားပြီဖြစ်သည်
YOU ARE READING
💙MY ANNOYING BEST FRIEND💙
Romanceသူကတော့အရင်ဘဝက တိုင်းပြည်ကိုရောင်းစားခဲ့လို့ ဒီဘဝမှာ နတ်ဆိုးပေါက်စတစ်ကောင်ကောက်ရထားတာလို့ထင်တယ်