"မနေ့က ကိစ္စအတွက် ထယ်ရယ် တောင်းပန်ပါတယ် .. ဟျောင်း .."ဟျောင်းရဲ့အလုပ်စားပွဲရှေ့ရပ်လို့ ထယ်ရယ်ပြောမိတဲ့အခါ ဟျောင်းက အလုပ်လုပ်ရာကနေ မော့ကြည့်လျက်က ပြုံးသည်။
"ထယ်ရယ်ကတောင်းပန်စရာ မလိုပါဘူး ....တကယ်ဆို ဟျောင်းကတောင် ပြန်တောင်းပန်ရမှာ ...မနေ့က ထယ်ရယ့်ကို အော်မိသွားတယ် sorry ထယ်ရယ် ..."
ဟျောင်းစကားကြောင့် ထယ်ရယ်ခေါင်းခါပြရင်း ....
" မဟုတ်တာ ကျွန်တော် သာစိတ်ဆိုးလွန်သွားတာ ..ဒါနဲ့လေ ...ဟျောင်း ... "
ထယ်ရယ် ပြောလက်စအားရပ်လိုက်သည့်အခါ ဟျောင်းက ....
"ဘာပြောချင်လို့လဲ ... ပြောလေ ...ထယ်ရယ် "
"ဟို ...ဟျောင်းဆီမှာ မက်သရူးပုံလေးများမရှိဘူးလားဟင် ကျွန်တော် မက်သရူးကိုမြင်ဖူးချင်လို့ ...."
ခေါင်းငုံ့ မျက်လွှာချလို့ ပြောလာသည့်ထယ်ရယ့်ကြောင့် ဂျီအွန်း သက်ပြင်းချလိုက်သည်။ ထို့နောက် ထိုင်ရာကထတော့ ထယ်ရယ်က ဟျောင်းသွားရာနောက်လိုက်ကြည့်သည်။ ဟျောင်းက သူ့အလုပ်စားပွဲနောက်ကနံရံလေးအား အသာဖိလိုက်တော့ တံခါးလိုတစ်ဖက်ဆီပွင့်သွားပြီး ပန်းချီတစ်ခုပေါ်လာသည်။ တောက်တောက်ပပ ပြုံးနေသည့်အပြုံးတို့နဲ့ကောင်လေးဟာ မြင်ရသူတိုင်း ချစ်ဖို့ကောင်းသည်ဟုတွေးမိလောက်သည်။
"ဟျောင်း ဒီပုံက .... "
"မက်သရူးပုံ ......"
"မက်သရူးပုံကို ဟျောင်းက ဘာလို့ ...."
".........."
ပြန်မဖြေနိုင်တဲ့ ဟျောင်းနဲ့မက်သရူးကြားမှာ တစ်ခုခုများထပ်ရှိနေသေးတာလား ....။
"ဟျောင်း ... မက်သရူးကို တစ်ခါမှပြန်မရှာဖူးဘူးလား .."
"ဟျောင်း ကိုယ်တိုင် ထွက်သွားခိုင်းခဲ့တာလေ ....ဟျောင်းက ပြန်ရှာပြီး ဘာလုပ်လို့ရမှာတဲ့လဲ ..."
ထယ်ရယ့်အမေးကို ဟျောင်းက ပြုံးလို့ပြောသည်။ မျက်ဝန်းထဲမှာ နောင်တတို့၊နာကျင်မှုအချို့တို့ ပြည့်လို့နေသည်။ ထယ်ရယ် ထိုပုံလေးအား စိုက်ကြည့်နေရင်းမှ တွေ့ဖူးနေသလို ခံစားရတာမို့သေချာကြည့်မိသည်။ ထိုအချိန် မြည်လာသောဖုန်းသံ ...ဟျောင်းဆီကမို့ ဟျောင်းက ဖုန်းကိုင်လိုက်သည်။
YOU ARE READING
Still With You [ COMPLETED ]
Fanfictionမင်းက နေကြာပန်းလေးတွေလို ကံကောင်းမှုအပြည့်နဲ့ အမြဲပျော်ရွှင်နေရင်သိပ်ကောင်းမယ် _ Shen _