Give Love

222 43 3
                                    

                     ကားထဲ၌ ထယ်ရယ်ရေးစပ်ပေးထားတဲ့ သီချင်းသံက ခပ်တိုးတိုးပျံ့လွင့်လို့နေသည်။ ကိုယ့်ကားပေမဲ့ သူမောင်းပါမယ်ဆိုပြီး နေရာယူသွားတဲ့ ရှန့်ကြောင့် ဘေးကထိုင်လိုက်ရသူက ထယ်ရယ်ဖြစ်နေခဲ့သည်။ နှစ်ဦးသား ပြန်တဲ့ လမ်းတစ်လျှောက် စကားမပြောဖြစ်ပဲ တိတ်ဆိတ်လို့နေသည်။

           ထိုခန ခပ်ဖွဲဖွဲကျလာသော မိုးရေစက်များ ... ။ ထယ်ရယ် ဘေးမှန်အားအသာချလိုက်တော့ မိုးစက်အချို့က လေသွဲ့သွဲ့နဲ့အတူ မျက်နှာအား စင်လို့လာသည်။ လက်တစ်ဖက်အား အသာထုတ်ကာ မိုးရေစက်တို့ကို ခံယူမိလို့ပြုံးမိသည်။ သူရယ်၊ ရှန်ရယ် ၊ မိုးရယ်က ရေစက်ပါပုံရသည်။

          " မိုးရေတွေစင်ကုန်မယ်လေ .... ဘာလို့ လက်ထုတ်ထားတာလဲ ...."

ဘေးက ရှန့်ရဲ့အမေးကြောင့် ထယ်ရယ်ပြုံးလိုက်ပြီး ....ရှန့်ဘက်လှည့်လို့ ...

        "    CEO ... သိလား .... "

         "မသိဘူး ...."

         "ဟာ ဗျာ  ! ....."

မေးတာကို ကန့်လန့်ဖြေလာတဲ့သူကြောင့် ထယ်ရယ်မျက်စောင်းထိုးတော့ ရှန်က ပြုံးသည်။

         "နေပါအုံး ....မင်း ကိုယ့်ကို CEO ချည်းပဲခေါ်နေမှာလား..."

        "အွန်းး ... ရှန်ကလွဲလို့ ကြိုက်သလိုခေါ်ဆို ... CEO မလို့ CEO လို့ခေါ်တာလေ ....မရဘူးလား ...."

       "ခေါ် ... ခေါ်  ခေါ် ချင်သလိုသာခေါ် .... ဒါနဲ့ ခုနက ဘာပြောမလို့လဲ ..."

       "ဪ .... ကျွန်တော်နဲ့ ရှန်က မိုးနဲ့ရေစက်ပါပုံကို တွေးမိလို့ပါ ... "

ထယ်ရယ် လက်ကိုအပြင်ထုတ်ထားရာက ပြန်ထည့်ပြီး ဘေးမှန်တံခါးပြန်တင်လို့ ပြောလိုက်သည်။ ဘေးကိုကြည့်တော့ရှန် ဆိုတာနဲ့တင် မျက်နှာကြီး တည်တင်းသွားတဲ့ CEO တစ်ဖြစ်လဲ ရှန့်ကြောင့် ထယ်ရယ့်မျက်နှာတို့က ပြုံးစိစိ။ သူ့ကိုပြောနေတာပဲကို ဘာတွေအလိုမကျဖြစ်နေပါလိမ့်။

       " သူနဲ့  ကျွန်တော် စတွေ့တုန်းကလည်း မိုးရွာထဲမှာ .တွေ့ခဲ့တာ သိလား ... သူ ကျွန်တော့်ကို ထားခဲ့တဲ့နေ့ကလည်း မိုးတွေရွာခဲ့တယ် ... အဲနေ့က ကျွန်တော့်မွေးနေ့လေ ...ကျွန်တော့်ကိုပြောချင်တဲ့ စကားတစ်ခွန်းရှိတယ် . ကိတ်မုန့်သွားယူပြီးပြန်လာရင် ပြောမယ်ဆိုပြီး ထွက်သွားပြီး ပြန်မလာခဲ့ဘူး .... ကျွန်တော်လေ အဲဒီနေ့က မိုးရေထဲ တစ်ညလုံးထိုင်စောင့်နေခဲ့တာ ...."

Still With You [ COMPLETED ]Unde poveștirile trăiesc. Descoperă acum