ကာကွယ်ဖို့

219 42 3
                                    

           
              မက်သရူး အမှိုက်အိတ်တို့အား နောက်ဖေး လမ်းကြားထဲကအမှိုက်ပုံးထဲထည့်ပြီးတာနဲ့ ဆိုင်ရှေ့ပြန်ထွက်လာခဲ့သည်။ ဆိုင်ထဲဝင်မလို့လုပ်တုန်း သတိထားမိနေသည့် ကားတစ်စီးကြောင့် ခနရပ်လို့ကြည့်လိုက်သည်။ ထိုကားသည် နေ့တိုင်းနီးပါး မနက်တိုင်း ဒီလိုအချိန်ဆို ရှိနေတတ်တာ တစ်ပတ်လောက်ကြာပြီဖြစ်သည်။ ဘာလာလုပ်တာမှန်းမသိပေမဲ့ ဆိုင်ရှေ့ လမ်း တစ်ဖက်ခြမ်းမှာ လာလာရပ်နေကြမို့သတိထားမိနေခြင်းပင်။ မက်သရူး ကိုယ့်အလုပ်မဟုတ်တာမို့ ခေါင်းခါလိုက်ပြီး အထဲသို့သာ ဝင်ခဲ့လိုက်သည်။

         မက်သရူး အထဲသို့ ဝင်သွားခါမှ မှန်ချလို့လာသည့် ထိုကား။ ထို့နောက် ဆိုင်ထဲက အပြုံးချိုချိုလေးနဲ့ စျေးရောင်းနေသည့်​ကောင်လေးအား မိနစ်ပိုင်းကြာအောင် သေချာစိုက်ကြည့်လို့ နေပြီးနောက် ကားကိုမောင်းထွက်သွားတော့သည်။ ထိုခန ဆိုင်ထဲကကောင်လေးကလည်း ကားထွက်သွားရာဆီသို့တစ်ချက်လှမ်းကြည့်လိုက်သေးသည်။

တကယ်လို့သာ မက်သရူး ဒီထက်စက္ကန့်ပိုင်းလောက်စောပြီး လှမ်းကြည့်မိခဲ့မယ်ဆိုရင်.......။




               "ခန ခနလေးနေပါအုံး .... "

ထယ်ရယ် ထုံးစံအတိုင်း ဓာတ်လှေကားမှီဖို့ အမြန်ပြေးသွားလိုက်သည်။ ထို့နောက် ဓာတ်လှေကားထဲဝေ့ကြည့်တော့ လူများနေသည့်အပြင် ရှန့်ကို မတွေ့တာကြောင့် မျက်နှာလေးညှိုးလို့သွားသည်။

           "မဝင်ဘူးလား ... ထယ်ထယ် ... "

အထဲက ဟန်ဘင်းဟျောင်း အမေးကို ထယ်ရယ်ခေါင်းကုတ် ဖင်ကုတ် လုပ်ကာ ဝင်မလို့လုပ်နေတုန်း ... ရစ်ခီက နောက်က​နေ ထယ်ရယ့်လက်ကို ဆွဲလို့ သူ့ဘေးနားကပ်လိုက်ပြီး ဓာတ်လှေကားထဲ ကြည့်ကာ ....

         "လူပြည့်နေပြီမလား ... မင်းတို့ပဲသွားလိုက်တော့ ငါနဲ့ထယ်ရယ် ပြီးမှလာခဲ့မယ် ..."

ရစ်ခီ့ စကားကြောင့် တံခါးမပိတ်ခင်  ဟန်ဘင်းဟျောင်းက ငါသိတယ်နော် ဆိုသည့် ပုံစံနဲ့ကြည့်သွားသည်။ ထယ်ရယ်က
ရစ်ခီ့ လက်မောင်းအား တစ်ချက်ထုလိုက်ရင်း ...

Still With You [ COMPLETED ]Where stories live. Discover now