အမှတ်တရတစ်ချို့ရဲ့အလွန်

211 39 1
                                    

              
           "ဟုတ်ပါပြီဆို .... သေချာလည်းဂရုစိုက်သွားမယ် သေချာလည်းဂရုစိုက်လိုက်ပါ့မယ် ခင်ဗျ .... လိုက်ခဲ့ဆိုတော့ မလိုက်ခဲ့ကြပဲနဲ့ ... ဒါပဲ ..."

ထယ်ရယ် တဂွမ်ဂွမ်ဆက်နေကြတဲ့ ဟျောင်းနဲ့ ရှန့်ရဲ့ဖုန်းကို ချပစ်လိုက်ပြီး ဆိုင်ထဲက ထွက်လာသည့် မက်သရူးအား လက်လှမ်းပြလိုက်သည်။ ဟန်ဘင်းဟျောင်းက နောက်ကနေ ဆိုင်ထဲက လိုက်ထွက်လာပြီး ....

         "ဂရုစိုက်သွားကြနော် ထယ်ထယ် .... "

         "လာပြန်ပြီ ....နောက်တစ်ယောက် ကျွန်တော့်ကိုမှာနေတာ ဒါနဲ့ဆို သုံးယောက်ရှိပြီသိလား ... လိုက်ခဲ့ကြပါဆိုတော့ မအားကြပဲနဲ .."

ထယ်ရယ် စူပုတ်လို့ပြောသည့်အခါ ဟန်ဘင်း က ....

        "မအားလို့ဆိုတာသိသားနဲ့ ဂျစ်နေပြန်ပြီ .... သွားတော့ အပြန်နောက်ကျမယ် ... မက်ချူး စစ်စတာကြီးနဲ့သေချာတွေ့ခဲ့နော် ..."

         "ဟုတ် ....... "

ထယ်ရယ်တို့နှစ်ယောက်သား ကားပေါ်တက်ပြီး ဂေဟာဆီသို့ ထွက်လာခဲ့လိုက်ကြသည်။ ဒီနေ့ စစ်စတာကြီးဆီသွားဖို့ပြင်ထားတာဖြစ်သည်။ ရှန့်ကိုပါ အမှတ်တရတို့ သတိရလာလို့ ရလာငြားခေါ်ဖို့လုပ်ပေမဲ့ ၃ယောက်သားအရေးကြီးကိစ္စရှိတယ်ပြောပြီး အမြှီးပါဖမ်းမမိတာမို့ ထယ်ရယ် ရှန့်ကိုအနည်းငယ်စိတ်ကောက်လို့နေသည်။ ကားထဲ၌ ဂေဟာကအကြောင်းတို့အား နှစ်ယောက်သား ပြန်ပြောကြရင်း မက်သရူးက ....

         "ထယ်ရယ် ! ...."

          "ဟင် ...... "

         "ရစ်ခီရှန့်ကိုလေ အခုမှမဟုတ်ဘဲ အရင်က ငါမြင်ဖူးနေသလိုပဲ....."

မက်သရူးအပြောကြောင့် ထယ်ရယ် ကားမောင်းနေရာက ပြုံးလိုက်ပြီး ...

         "မင်း ဂေဟာက ထွက်မသွားခင်ညက ဂေဟာကို ရောက်လာတဲ့ ဒဏ်ရာတွေနဲ့လူကို မှတ်မိလား .... "

        "အာ မိုးတွေရွာတဲ့ညက ... မှတ်မိပြီ ... ငါတောင် မင်းကို သူနဲ့ထားခဲ့ရလို့ စိတ်ပူခဲ့ရသေးတယ် ... "

       "စိတ်ပူလို့သာပဲ .... တစ်ခေါက်မှပြန်မလာပဲ ခြေရာဖျောက်နိုင်တာ ... ငါသာ လိုက်မရှာရင် မင်းနဲ့ဒီတသက်တွေ့ရပါ့မလား ဆော့မက်သရူး အစုတ်ပလုတ်ကောင်ရဲ့ "

Still With You [ COMPLETED ]Wo Geschichten leben. Entdecke jetzt