Blue Side

225 23 6
                                    


ပြာရီတဲ့မိုးသားကောင်းကင်အောက် တစ်ဖွဲဖွဲကျဆင်းနေတဲ့ မိုးစက်လေးတွေ၊ ရှေးလူကြီးတွေအဆိုအရဆိုရင် စနေမှာရွာတဲ့မိုးက ဆွေတယ်တဲ့၊ အခုလဲကြည့်ပါအုံး ပြတင်းပေါက်ငယ်လေးက လှမ်းမြင်နေရတဲ့ ပတ်ဝန်းကျင်က မိုးစက်မှုန်မွှားလေးတွေရဲ့ လွှမ်းခြုံမှုကြောင့် ဝိုးတဝါးလေးရယ်၊ ရစ်ခီ ကောင်းကင်ကိုကြည့်လိုက်မိတော့ အုံ့ညိုမှိုင်း နေတဲ့ ထိုအရောင်ကို သဘောမတွေ့လှဘူး။

'ဒီနေ့နေသာရင်ကောင်းမှာကို....'နှုတ်ဖျားကခပ်တိုးတိုးရွေရွတ်ရင်း မိုးပြေးလေးထဲက ဝင်ရောလာတဲ့ လေပွေတွေရဲ့ စိမ့်အေးမှုကို မခံနိုင်တဲ့အဆုံး ပြတင်းပေါက်ကို ခပ်ဖွဖွလေး ပြန်ပိတ်လိုက်တယ်။ မျက်လုံးအကြည့်က အခန်းထောင့်ကနံရံပေါ်ချိတ်ဆွဲထားတဲ့ ပြက္ခဒိန်လေးဆီရောက်ရှိသွားရတော့ July14ရက်နေ့ကို ဆော့ပင်အပြာရောင်နဲ့ အသည်းပုံ ပုံစံလေးဘောင်ခတ်ထားတာကိုမြင်ရတယ်။ ဒီနေ့ပဲ...ဒီနေ့က အစ်ကို့မွေးနေ့လေ၊အစ်ကိုနဲ့ ရစ်ခီ့ရဲ့ အိမ်ထောင်သက် 7နှစ်ပြည့်လဲဟုတ်တယ်။

အိပ်ယာပေါ်ကိုလှမ်းကြည့်လိုက်တော့ မနက်7နာရီခွဲပြီးချိန်ထိ အိပ်မောကျနေတဲ့ ရစ်ခီချစ်ရတဲ့သူ ထယ်ရယ်။ ချစ်ရသူကို ပိုင်ဆိုင်ခွင့်ရပြီး မိုးလင်းလို့မျက်လုံးနှစ်လုံးပွင့်လာတိုင်း ရင်ခွင်ထဲမှာ ထဲ့ရင်း အသက်ရှုသံသဲ့သဲ့လေးကိုကြားနေရတဲ့ အရသာက ရစ်ခီ့ကိုကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူတစ်ယောက်လို ခံစားရစေတယ်။ အစ်ကို့ရဲ့ ဆံနွယ်ညိုပျော့ပျော့လေးတွေကို ပွတ်သပ်ကိုင်တွယ်ရတာ ရစ်ခီသဘောကျတယ်။ အစ်ကို့လက်ချောင်း ဖြူသွယ်သွယ်လေးတွေက ကမ္ဘာပေါ်မှာ အလှပဆုံးပဲလို့ ရစ်ခီကဆိုလာရင် အစ်ကိုကမျက်စောင်းလေးတစ်ချက်နဲ့ဝင့်ကြည့်ရင်း ရစ်ခီက အပိုတွေဆိုပြန်ပြီဆိုပြီးပြောလေ့ရှိတယ်။ အစ်ကို့ရဲ့ ပါးချိုင့်နက်နက်လေးထဲ လက်ညိုးလေး ထိုးထဲ့ရင်း စနောက်တဲ့အခါတိုင်း အစ်ကိုကငြိုငြင်သလိုနှုတ်ခမ်းလေးဆူပြတယ်။ အစ်ကိုမကြိုက်တဲ့ စီးကရက်တွေကို ဝရံတာလေးမှာထွက်ပြီး ကိုက်ခဲမိတဲ့ အချိန်မျိုးတွေဆိုရင် အစ်ကိုက ရစ်ခီ့ကို စိတ်ကုန်သလိုအကြည့်မျိုးနဲ့ ကြည့်တဲ့အခါတိုင်း ရစ်ခီ့ဆီက ထွက်ပြေးချင်နေသလို ခံစားချက်မျိုးကို ရစ်ခီကြောက်ရွံ့မိတယ်။

Blue Side(One Shot)Où les histoires vivent. Découvrez maintenant