ပိတောက်ခက်နှင့်ချစ်သူ့လက်ဆောင်

62 3 0
                                    

2016ခုနှစ် ၊ ဧပြီလ ၊ ၆ရက်

Aprilလရဲ့အစမှာတင်အတာသင်္ကြန်ကိုကြိုဆိုတဲ့မိုးဖွဲလေးများကြောင့်မြေသင်းရနံ့သင်းသင်းလေးများထွက်ပေါ်လာသည်။ရပ်ကွက်ထဲရှိလမ်းတိုင်းမှာလည်းပိတောက်ပန်းတွေဝေဝေဆာအောင်ဖူးပွင့်နေတော့မည်ဖြစ်သည်။သင်းတပျံ့ပျံ့ပိတောက်ပန်းရနံ့ကစိတ်ကိုကြည်လင်စေကာသင်္ကြန်တွင်းရဲ့အငွေ့အသက်ကိုခံစားမိစေသည်။အတာသည်ဘေးခြံမှပိတောက်ပင်ကြီးကိုကြည့်ရင်း.....

"ဟင်း...အဲ့ပိတောက်ပင်ကြီးသာငါ့ခြံထဲမှာရှိနေရင်ဘယ်လောက်ကောင်းလိုက်မလဲ..မေမေတို့သာနောင်လာနောက်သားတေအတွက်ဆိုပြီးသစ်ပင်တေသာစိုက်ခဲ့ရင်သီးပင်စားပင်အတွက်လည်းမပူရသလို့အခုလိုသူများခြံကပိတောက်ပန်းကိုလည်းမျှော်ရမှာမဟုတ်....ဟွန့်..မေမေတို့များ...."

"အတာနွေဦး!!....."

"ဗျားး လာပြီမေမေ့!.."

"ဗျာနောက်ထားလူအရင်လာခဲ့"

အဲ့တာသာကြည့်...မေမေတို့များအကြားမြင်ရနေလားမသိ..သူ့အကြောင်းတွေးပြီဆိုတာနဲ့ချက်ချင်းကိုတန်းခေါ်ပြီးအလုပ်ခိုင်းတော့တာ....ခိုင်းပြီဆိုရင်လည်းသားလေးဘာညာဆိုပြီးပြောမယ်မရှိဘူးအမြဲဆူမယ်ငေါက်မယ်ဆိုတာချည်းပဲ...အဲ့လိုဆူမဲ့အစားပိတောက်ပင်‌ေတွသာစိုက်ခဲ့ရင်......

"အ!..တာ!..နွေ!..ဦး!!!!....."

"‌လာပါပီဆိုမေမေကလဲ...လမ်းလျှောက်ချိန်လေးတော့ပေးပါအုံးဗျာ"

"ဆင်ခြေဆင်လက်တေလုပ်မနေနဲ့..ခေါ်တိုင်းဘယ်တော့မှချက်ချင်းလာတယ်ဆိုတာမရှိဘူး...ရော့...မမွှေးတို့ဆိုင်မှာခုနကဈေးဝယ်တာပိုက်ဆံမလောက်ခဲ့လို့..အဲ့တာအခုသွားပေးပေးအုံး"

"ဟာမေမေကလဲဘာလို့အကြွေးယူလာတာလဲရှက်စရာကြီး"

"တယ်!..ဒီကောင်လေးနဲ့ငါခေါက်မိတော့မယ်"

ဒေါ်မေသင်္ကြန်ကအတာ့နားတိုးကာလက်ရွယ်လက်တော့အထာနက်သူအတာမှာသိုင်းကွက်နင်းပြီးမေမေ့လက်ချက်ကိုရှောင်သည်။

"ကဲ..အတာရယ်သွားပေးလိုက်စမ်းပါ...နင်ကစကားကိုများလွန်းတယ်"

ပိတောက်ခက်နှင့်ချစ်သူ့လက်ဆောင်(Os)Where stories live. Discover now