အဝေးပြေလမ်းမ- The Highway

269 4 0
                                    


''အဝေးပြေးလမ်းမ Highway''

အရမ်းကို ရင်းနှီးတဲ့ စကားလုံးများထဲက တစ်လုံးပါ

ကျွန်တော်တို့ကို တစ်နေရာ ကနေ တစ်နေရာ ကို ပို့ဆောင်ပေးနေတဲ့ မော်တော်ယဥ်များရဲ့ မြို့ တစ်ခုနဲ့ တစ်ခု ကြား ဆက်သွယ်ထားတဲ့ ​အမြန်လမ်း

ဒီလမ်းဟာထူးခြားပါတယ်

လမ်းအသုံးပြုသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ နေချင်းပြန်ခရီး မရှိကြဘူး
ဒါဟာ လူတစ်ယောက် ကဒီလမ်းကိုသုံးပြီး ခရီးသွား ရင် ဒီနေ့တစ်ရက်နဲ့တော့ ပြန်မရောက်နိုင်ဘူး အနည်းဆုံး မနက်ဖြန်နဲ့ အချိန်တစ်ခုကြာ မှ ပြန်လာတက်ကြပါတယ်

ဒါကြောင့် ဒီလမ်းကိုသုံးတဲ့သူတွေမှာ

အိမ်လွမ်းရမယ့်သူတွေရယ် အိမ်ပြန်ကြမယ့်သူတွေရယ်

ကြင်သူကို ထားပြီ ရည်မှန်းချက်အတွက် ခရီးဆက်ရမယ့် သူတွေရယ်

နှစ်ကိုယ်တူတိုင်းပြည်ထူထောင်ဖို့ ပြန်လာကြမယ့်သူတွေရယ်

တာဝန်အရ ရွက်လွှင်ကြတဲ့သူတွေရယ်

ဘဝခရီးမှာ မောသမျှဖြေဖျောက်ဖို့ တစ်နယ်​
ခြားခရီး ခဏထွက်လာကြတဲ့သူတွေရယ်

ရည်ရွယ်ချက် အမျိုးမျိုး စိတ်အဖုံဖုံနဲ့

အဝေး​ပြေးလမ်း ပေါ်မှာ လှုပ်ရှားနေကြတယ်

ဒါကြောင့် ဒီလမ်းပေါ်မှာ

အလွမ်းတွေ အဆွေးတွေ အပျော်တွေ နဲ့ ပြည့်နှက်လို့နေတယ်။

William.

တွေးမိတွေးရာလေးများWhere stories live. Discover now