part 1 🌄

1.6K 22 1
                                    

" ရှိန်း "

" ဘာလဲ"

" မင်းကို ဟိုဘက်ဝိုင်းက ကောင်မလေး ကြည့်နေတယ်"

"အင်"

ကျော်ကြီး မျက်စပစ်ပြတဲ့ ဘက်ကြည့်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အသက် ၁၇/၁၈လောက်ပဲရှိမည်ထင်သည်
ဆံပင်ကဂုတ်ဝဲလေးကိုရွှေဝါရောင်လေးဆိုးထားသည် မျက်မှန်ဝိုင်းလေးနှင့် ဒီလိုနေရာ က ဒီကလေးလေးနဲ့ ဘယ်လိုမှ မအက်စက် ဝတ်ထားတော့လည်း ပန်းနုရောင် ကာတွန်းဝမ်းဆက်ပွပွ
ကျနော် ကြည့်လိုက်တော့ သူမက ခေါင်းလေးငုံ့ကာ ဖုန်းကို ပြန်ကြည့်နေသည်
ပန်းရောင်သမ်းနေတဲ့ပါးလေးနှစ်ဖက်က ဖောင်းဖောင်းလေး မျက်နှာလေးက ချောတာမဟုတ်ပဲ ချစ်စရာလေးဖြစ်နေကာ တစ်ကယ့်ကလေးလေး

"ကလေးလေးပါကွာ "

" ချစ်တော့ချစ်စရာလေးနော် သားရီး"

" ကျစ် မင်းကွာ သက်ငယ်မုဒိန်း ဖြစ်နေမယ် တဏှာရူးတာကြည့်ရူး"

" ငါက ဒီတိုင်းပဲပြောတာ မင်းကမှ ခုတင်ပေါ်အထိတွေးနေတာ -ီး"

ကျနော်တို့ရောက်နေတာက အာဝါဒေး ကြက်ပွဲ ဖဲဝိုင်း လောင်းကစားမျိုးစုံရသည် ကျနော်နဲ့ကျော်ကြီးက ဒီအတိုင်း ‌အပျော်လာကြည့်ကြခြင်းသာ ဘာမှသိပ်နားလည်တာမဟုတ် ဒီကောင်မလေးကရော တစ်ယောက်ထဲတော့မဖြစ်နိုင်ဘူး ဝိုင်းတေကတော့ ရာဘာပင်တွေကြားထဲမှာ ဟိုတစ်စုသည်တစ်စုနှင့် ဆူညံနေသည် ‌စားသောက်ဆိုင်တွေကလည်းမနည်း မသိရင်ပွဲဈေးလိုလို

" Facebook accလေးလောက်ရရင်မဆိုးဘူးနော် ရှိန်း"

" ဟာ ဒီကောင် "

" ငါ့ရုပ်ကြီးနဲ့တောင်းရင် ပေးပါ့မလား"

"လုပ်ကြည့်ပေါ့ ပါးရိုက်ခံရရင် ငြိမ်နေနော် ငါ့ဆီပြန်မလာနဲ့ သိက္ခာကျတယ်ငါပါရောပြီး"

" ဟာကွာ အက်ဒါဆို မင်းသွားတောင်းပေး"

" ဘာလို့ မတောင်းချင်ပါဘူး "

" တောင်းလို့ရရင် ၃သိန်း"

"ဘာ !"

" ၅ရမှ တောင်းပေးမယ်"

"-ီးပဲ"

" အ့ဆိုမတောင်းဘူး "

"ပေး ပေးမယ်ကွာ "

______________________

"အငယ် ဒီဆိုင်မှာ နေနေခဲ့နော် စားချင်တာ ယူစား ပါပါး ပြန်လာရင်ရှင်းပေးမယ် ဟိုးရှေ့နားက ကြက်ဝိုင်းမှာ ပါပါး ရှိနေမယ် ကြားလား ဘယ်မှလျှောက်မသွားရဘူးနော် "

" ဟုတ် ပါပါး Goodluck "

" Oki Baby "

အငယ် က တစ်ကယ်တော့ ဧရာဝတီတိုင်း ကပါ ခုက ကျောင်းပိတ်ရက်မို့ ပါပါးနဲ့မာမားရှိတဲ့ တနင်္သာရီတိုင်း ထားဝယ်ဘက် ကို အလည်လာတာ ထားဝယ်ဆိူပေမယ့် အငယ်တို့နေတာ ဂန့်ဂေါ်တောင် လို့ခေါ်တဲ့ ရွာလေးပါ ကလိန်အောင်နဲ့ကံပေါက် ဆိုတဲ့ မြို့နှစ်ခုကြားကပေါ့
အငယ်က ဇာတိထက် ဒီဘက်ကိုပိုကြိုက်တယ် တောင်တွေဝန်းရံထားပြီး မှိုင်းညို့နေတာကို သဘောကျတာ လမ်းဘေးဘက်တွေမှာ ရာဘာပင်တွေ သီဟိုဠ်ပင်တွေ က အလှဆင်ထားသလို စီတန်းနေသည် ဒါကို အငယ်အရမ်းကြိုက်တာ
ခုက အငယ်က ပါပါးနဲ့အတူ ရှင်ပျံကိုလိုက်လာခဲ့တာပါ ရှင်ပျံ ဆိုတာ ရွာနာမည်ပါ ပါပါးက ကြက်ပွဲတွေဆို အလွန်ဝါသနာပါတာ လူပျိုကတည်းက လို့ ဖွားက ခနခနပြောသည်
ခူလည်း အငယ်က ပါးနဲ့အတူ လိုက်လာခဲ့ခြင်းသာ
တစ်ခါမှ ဒီလိုနေရာတွေမရောက်ဖူးတော့ ပါးထားခဲ့သည့် ဆိုင်ကခုံလေးမှာ ကုပ်ကုပ်ကလေး ထိုင်နေပြီး BTS သီချင်းလေးနားထောင်ပြီး ပါးပြန်လာအခေါ်ကို စောင့်နေခဲ့သည်

" - ီး ပဲ မလောင်းပဲ အ့ဆို မင်းကဘာလိုက်လုပ်တာ"

" ဟ ကိုယ်နားမလည်တာ မင်းဘယ်လိုလောင်းမလဲ ခန့်သော်က လောင်းကစားဆိုတာ သူ့အမေ့ဗိုက်ကထွက်ထဲက တတ်လာတဲ့လူကွ ငါတို့က ဘာသိလို့လဲ"

" ငရှိန်းရာ အ့ဆို မင်းဘာလာလုပ်တာ "

" ကြည့်ချင်လို့လာတာပါဆိူ အက်ကြောင်းထပ်နေပြီ"

အားးး ချောလိုက်တာ ဖြူစွပ်နေတဲ့ ဟူဒီ ကို လက်တစ်ဝက်အထိ တွန်းတင်ထားပီး ခဲရောင် ဘောင်းဘီက ဒူးအထက်နား လောက် လျှာဦးထုပ်
လေးကလည်း ဖြူစွပ်နေကာ အသားကလည်း ဝါညက်ညက် မျက်နှာ မျက်နှာလေးကရော စူးရှရှမျက်ဝန်းလေးတွေ အလိုမကျလို့ တွန့်ကျိုးနေတဲ့ မျက်ခုံးနှစ်ဖက် နှာခေါင်းက အနည်းငယ် ပွသယောင်လေးနဲ့ ပန်းရောင်သမ်းနေတဲ့ခပ်တွဲတွဲနှုတ်ခမ်းလေး ယောက်ျားလေးဖြစ်ပြီး ဒီလောက် လှစရာလား အရပ်ကလည်း အငယ့်ထင် ၆ပေအထက်မှာပဲရှိရမယ် အားးး လုံးဝ ပစ်ကြွေချင်စရာကြီး အငယ်ကြည့်နေတုန်း ဘေးကအသားမဲမဲနဲ့အကိုကဘာပြောလိုက်တယ်မသိ အငယ့်ရဲ့ ကိုကြီးက လှမ်းကြည့်လာသည်။
အငယ်လည်း ချက်ခြင်း အကြည့်ကိုဖုန်းဆီသို့ပို့လိုက်သည်။ရင်ဘက်ထဲက နှလုံးသားက ခုန်ထွက်မတတ် ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြားနေရသည် အငယ် စိတ်ထိန်းစမ်း စိတ်ထိန်းစမ်း

Red Flag Enjoyer Where stories live. Discover now