Ep 1

5K 100 1
                                    

Ep 1

မီးဖိုချောင်ထဲတွင်အလုပ်သမားကောင်မလေးတစ်ယောက်နှင့်ထိုအိမ်ကမိသားစုတွေအကုန်လုံးအလုပ်ရှုပ်နေကြသည်။ထိုအချိန် ထိုမိသားစုနှင့်ကွဲထွက်ကာ ဧည့်ခန်းတွင် ဂိမ်းထိုင်ဆော့နေသော ကောင်ငယ်လေးတစ်ယောက်။

"Yes! နိူင်ပြီကွ"

"အငယ်လေးရေ ခဏလာပါအုံး"

"လာပြီ မမရေ"

ထိုကောင်လေးဟာ လက်ထဲက ဖုန်းကိုသူ့ရှေ့ကခုံပေါ်တွင်တင်ခဲ့ရင်း မီးဖိုချောင်ထဲသို့ဝင်သွားလေသည်။ပြီးတာနဲ့ မြန်မာဝမ်းဆက်လေးဖြင့်လှချင်တိုင်းလှနေသောမိန်းကလေးရဲ့အနားသို့ကပ်ကာ...

"မမ ဗိုက်ဆာနေပြီ မရသေးဘူးလား"

"အငယ်လေးရယ် မနက်ကလည်း မုန့်တွေအများကြီးစားထားတာကို မေမေ ပြောပါအုံး"

"သားငယ် မမ ပြောတာလည်းဟုတ်နေတာပဲကို"

"မေမေကလေ အမြဲတမ်း မမဘက်ကပဲ မတရားဘူး"

ထိုကောင်လေးရဲ့စကားကြောင့်မီးဖိုချောင်ထဲက သူတွေအကုန်လုံးပြုံးမိကြလေသည်။၁၀နှစ်တောင်ကွာသောမောင်နှမတွေလည်းဖြစ် အိမ်ရဲ့အငယ်ဆုံးလေးလည်းဖြစ်၍ ထိုကောင်လေးဟာအရာရာကိုအလိုလိုက်ခံနေရသောကောင်လေး​တစ်ယောက်ပင်ဖြစ်နေလေသည်။ ဒီနေ့လည်းထိုကောင်လေးရဲ့အစ်မဖြစ်သူနွယ်နီရဲ့ အသက်၃၀ပြည့်မွေးနေ့ဖြစ်၍ အိမ်နီးနားချင်းတွေကို ဒံပေါက်ဗူးတွေလိုက်ဝေနေတာပင်။နွယ်နီက မျက်မှောင်ကျုံ့ကာ ပြောနေသောကောင်လေးကြောင့်...

"အငယ်လေးရယ်အသက်ကဖြင့်၂၀ပြည့်ပြီးပြီ အခုထိ ကလေးလေးလိုလုပ်နေတုန်း"

ပြောသာပြောတာ သူ့မောင်လေးက တကယ်ကိုကလေးလေးလိုပင်။ ချစ်စရာကောင်းတဲ့မျက်နှာလေးတွေ အမူရာလေးတွေပဲရှိရုံမကသေး...​ဖြူဖြူဥဥအသားရည်လေးပါပိုင်ဆိုင်ထားသူဖြစ်၍အိမ်ကသူတွေက တစ်ခုခုဆိုရင်ပဲ့ကြွေသွားမှာစိုးသည့်အလား အရမ်းဂရုစိုက်လေသည်။

"တော်ပြီ ပြောပြော မမဘာခိုင်းမလို့လဲ"

"ဒီမှာ ဒီဗူးလေးကို ဟိုဘက်တစ်ခြံကျော်ရယ် ဟိုဘက်ခြံရယ်ကိုသွားပေးပေးနော်"

လင်္ကါသွေးတဲ့တေးပန်းချီ(Complete)Where stories live. Discover now