ကျွန်မအနေနဲ့ ပြောရမယ်ဆိုလျှင် အချစ်ဆိုတာ
ထူးဆန်းလှပသည်ဟု အချစ်ဝတ္ထုတွေ ဖတ်ရင်း
ယုံကြည်ခဲ့မိဖူးသည်။
နေ့စဥ်ဝတ္တရားအတိုင်း အလုပ်လုပ်ရင်း ကျောင်း
သွားရင်းနဲ့ ကျွန်မအတွက် အချစ်ကိုရှာဖွေတွေ့ရှိ
လိမ့်မည်ဟု မထင်ထားပါ.....
ကျွန်မ ကျောင်းတွင် ဆရာမ စာသင်နေရင်းဖြင့်
သူရှိရာနေရာဆီ ခဏခဏလှမ်းကြည့်မိပါသည်။
သူကတော့သတိထားမိပုံ မပေါ်ပါ။ ဘာပဲဖြစ်ဖြစ်
သူ့ကို မြင်နေရရုံဖြင့် စိတ်ပျော်ပါသည်။ ကိုယ်က
အတန်းထဲတွင် စာတော်သည်။
အတန်းခေါင်းဆောင်ဖြစ်သောသူနှင့် စာဆွေးနွေး
ဖော်ဆွေးနွေးဖက်ဖြစ်နေသည်။ သူ့ကို ဘာကြည့်
ပြီး သဘောကျမိသွားတာလဲဟု ကိုယ့်ဘာသာ
ကိုယ် တွေးကြည့်မိသည်။ သူ၏ တောက်ပသော
မျက်ဝန်းများ ကြောင့်လား။ သူ့ မျက်ဝန်းတွေက
ကျွန်မအမြင် အလွန်တောက်ပလင်းလက်ပါသည်
ယခုလက်ရှိ ကျောင်း၌ဖြစ်ပြီး မြန်မာစာဆရာမ
အချိန်ဖြစ်သည်။ ဆရာမ က မနေ့က အမှတ်ခြစ်
ပြီးသော စာအုပ်များကို ပြန်ဝေခိုင်းနေသည်။
သူ ကျွန်မ ၏ စာအုပ်ကို လှမ်းပေးသည်။
ထိုအချိန်၌ပင် မုန့်စားဆင်းချိန်ခေါင်းလောင်း
ထိုးပြီဖြစ်၍ ကျောင်းသားငယ်များ အသံအား
ကျယ်လောင်စွာကြားလိုက်ရသည်။
သို့ဖြင့် ထမင်းစားပြီး၍ မုန့်စားရင်း စာစီစာကုံး
စာအုပ်ကို ကြည့်နေလိုက်မိသည်။
" နွေအင်ကြင်းဦး ၊ နင့် စာအုပ် ကို ငါ ဖတ်ကြည့်
ချင်လို့"
အနောက်က ကျွန်မ နာမည် ခေါ်သံကြား၍လှည့်
ကြည့်တော့ သူ ဖြစ်နေသည်။
" ဪ.... မော်နီတာ ဖတ်ချင်လို့လား ခဏယူလို့
ရပါတယ်" အသံများပင် တုန်သွားလား
သူ ခေါင်းညိမ့်ပြသည်။ စာစီစာကုံးဖတ်နေရင်း
ဖြင့် သူက
" နင် နဲ့ ငါ ဝါသနာတူသားပဲ စာဖတ်တာလေ၊
ရည်မှန်းချက်လည်းတူတယ် ဆရာဝန်ပဲ"
" အေးပါ" ကျွန်မ ပြန်ပြောလိုက်သည်။
စကားပြောနေသော သူနှင့်ကျွန်မ ကို တွေ့တော့
ကျွန်မ သူငယ်ချင်း စံကားဝါ က ပြုံးနေသည်။
ကျွန်မ သူ့ဆီက လှည့်ထွက်လာမိတော့ စံကားဝါ
က " အင်ကြင်း ၊ မော်နီတာ နင့်ကို စိတ်ဝင်စားနေ
ပြီထင်တယ်နော့်" ပြုံးစိစိနှင့်ပြောပုံကိုက
"မဟုတ်လောက်ပါဘူးဟာ"