💚16💚

194 30 3
                                    


-

-

-

"Haechan"

"အာ...Renjun...လာ ထိုင်"

Renjunထိုင်လို့ရအောင် ဘေးဘက်သို့တိုးကာ စားပွဲပေါ်က စာအုပ်များကိုလဲ ရှင်းလင်းပေးလိုက်သည်။Renjun သူ့ဘေးဝင်ထိုင်ကာ အသင့်ပါလာသည့်အအေးဗူးလေးအားHaechanထံကမ်းပေးရင်းပြောလာသည်။

"ညနေကျရင် မင်း ငါနဲ့အတူစာလုပ်ချင်လား...အကင်စားရင်းလေ"

"အိုး....ကျိန်းသေပေါက်ရတာပေါ့။အခုသွားလဲရတယ်နော် Renjun"

Haechan၏အပြုအမှုကြောင့်Renjunသွားဆွယ်လေးများပေါ်သည်အထိပြုံးမိသွားတော့သည်။ထို့နောက် ခေါင်းအားညင်သာစွာခါရမ်းကာ....

"မရဘူး Haechan...ညနေမှသွားကြမယ်။ညနေအကင်စားမှာဆိုတော့3နာရီလောက်ကျ ကွန်ဒိုဘေးက စတိုးဆိုင်မှာစျေးအရင်ဝယ်ကြမယ်"

"ကောင်းပါပြိီခင်ဗျ...သခင်လေးရဲ့အမိန့်တော်တိုင်းပါ"

"မင်းကတော့...."

ကောင်ငယ်လေးနှစ်ယောက်၏ရယ်သံခပ်လွင်လွင်မှာလဲ ကျောင်းဝန်းအတွင်းပျံ့နှံ့လို့သွားလေသည်။

ညနေဆောင်းသည်နှင့်ဝယ်ထားသမျှဟင်းသီးဟင်းရွက်များအားRenjunဆေးနေလိုက်သည်။Haechanကတော့ အသားများအားလှီးကာ၊Renjunရှိရာဘေစင်ဘက်လှည့်ကြည့်ရင်း။

"Renjun...ငါတို့ Jaeminတို့က်ိုရော ခေါ်မလား!?"

"အင်း...မင်းသဘောလေ ၊ တလက်စထဲ မင်းလူကြီးကိုပါခေါ်လိုက်"

"လူကြီး!? ဘယ်သူလဲ လူကြီးက"

"ကျစ်...Min Hyung လေ ခုမှဘာတွေမသိသလိုလုပ်နေတာတုန်းHaechan"

Renjunမှာ ဆေးလက်စအရွက်များအား ခဏချကာ Haechanအားလှည့်ပြောလိုက်သည်။Haechanမျက်နှာတွင်တော့အပြုံးလေးပေါ်နေသည်မိ သူရှက်သွားမှန်းRenjunသိလိုက်သည်။သူဆက်သနေလျှင် ဒီညအကင်အတွက်နောက်ကျလိမ့်မည်။

"Haechan မင်းက Na ညီအကိုကို ဖုန်းဆတ်ခေါ်လိုက်၊ ငါဆက်ပြင်ထားလိုက်မယ်"

"ဟင်!? မင်း ရပါ့မလား"

"ရတယ်... မင်း ဖုန်ဆက်ဖို့ပဲလုပ်လိုက်"

☘️Beautiful Pain☘️ Where stories live. Discover now