နှလုံးသားလေးလှူချင်လို့

13 0 0
                                    

မိဘတွေဆုံးသွားပြီးနောက် အကြွေးတပုံကြီးနဲ့ကျန်ခဲ့တဲ့ ညီအမ၂ယောက်က အကြွေးရှင်တွေရဲ့ရိုက်နှက်မှုကိုခံနေရသည်

အမကြီးက သူ့ညီမလေးကို အုပ်မိုးထားတာမို့လို့ ကလေးကတော့ထိခိုက်မှုမရှိဘဲ သူမထံမှာဘဲ ဒဏ်ရာတွေ နဲ့ပြည့်နေတယ်

မြင်သာသော မျက်နှာ ကလွဲပြီးရိုက်နှက်ကာ နောက်လမှအကြွေးမဆပ်ရင် ရောင်းစားမယ်လို့ ခြိမ်းခြောက်ကာ ထွက်ပြေးရင်ပိုဆိုးမယ်လို့လည်းပြောသွားသေးသည်

အမှတ်မထင် သတင်းထဲမှာ'သူဋ္ဌေးတစ်ဦးရဲ့အဖိုးအတွက် နှလုံးလှူပေးမယ်ဆိုရင် ဘယ်ဆန္ဒမဆိုလိုက်လျောပေးဖို့ဆန္ဒရှိတယ်'ဆိုတဲ့အကြောင်းပြောပြနေလျက်

လူသိရှင်ကြား တရားဝင်နည်းလမ်းနဲ့ ဒီလို တောင်းဆိုမှုမျိုးတစ်ခါမှမမြင်ဖူးတဲ့အပြင်
လက်လွှတ်မခံသင့်တဲ့အခွင့်အရေးဘဲလို့ တွေးနေမိတယ်

သေချာပေါက် ဒီလိုအခွင့်အရေးက သေချာပေါက်၂ခါမရှိနိုင်ပါပေ မကြိုးစားကြည့်ဘဲနဲ့တော့ လက်မလွှတ်နိုင်ပေ

နှလုံးဆိုတာ တစ်ခုဘဲရှိပြီး အဲ့တာမရှိရင်အသက်မရှင်နိုင်ဘူးဆိုတာသိပေမဲ့ သူမရဲ့ ညီမလေးသာ အဲ့အိမ်မှာ မွေးစားခံရမယ်ဆိုရင် အဆင်ပြေမှာပါလို့ တွေးရင် မရှိမယ့်ရှိမယ့် သတ္တိလေးတွေစုပြီး လျှောက်လွှာ သွားလုရသည်

လုပ်ငန်းစဥ်အရ လှူဖို့လျှောက်လွှာအရင်တင်ရပြီး လူကိုယ်တိုင် အင်တာဗျူးဖြေပြီးမှ ကိုက်ညီမှုစစ် ရောဂါစစ် အဲ့အဆင့်တွေကျော်ဖြတ်ပြီးမှ လှူနိုင်ကြောင်းအကြောင်းကြားစာရနိုင်တယ်

နှလုံးလှူရမှာမို့လို့ ဘယ်သူမှလျှောက်လွှာ မတင်နိုင်ဘူးဆိုတဲ့အတွေးကိုဖျောက်လိုက်ပါ

သူတို့ကိုယ်တိုင်ရဲ့နှလုံး မလှူချင်ရင်တောင် သူတို့ရဲ့အဖိုးမတန်သားသမီး (သို့) အိမ်ထဲမှာ ကျွန်ထက်တောင်နိမ့်ကျတဲ့ရာထူး ပိုင်ဆိုင်ထားတဲ့ လူရဲ့နှလုံးကို မလှူစရာအကြောင်းမှ မရှိဘဲ

ပြီးနောက် ဆုလာဒ်ကို သူတို့ကစံစားကြလိမ့်မည်

လူတိုင်းမှာ သူတို့ရဲ့အခက်အခဲရှိသလို ထိုအခက်အခဲကို ချေဖျောက်ဖို့ရာ ဒီလိုအခွင့်အရေးကအကောင်းဆုံးပါဘဲ

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

Random one shotWhere stories live. Discover now