ကျွန်တော်နဲ့ အင်ပိဒေါကလိ

4 0 0
                                    

Unicode

ကျွန်တော်နဲ့ အင်ပိဒေါကလိ
----------------------------------------

မိုးစက်မိုး​ပေါက်တွေ ကမ္ဘာမြေပေါ် တဖွဲဖွဲ ကခုန်နေတဲ့   ညက ကျွန်တော့် အိပ်မက်ထဲကို မုတ်ဆိတ်မွေးနဲ့ လူကြီးတစ်ယောက် ရောက်လာတယ်။

သူက ကုတင်ဘေးမှာ ရပ်ပြီး ကျွန်တော်ကို စိုက်ကြည့်နေပါတယ်။ ရုတ်တရက်မို့ ကျွန်တော်လဲ လန့်ပြီး အော်လိုက်မိတယ်။

"ခင်ဗျ ဘယ်သူလဲ"

"ငါနာမည်က အင်ပိဒေါကလိ (Empedocles)"

မုတ်ဆိတ်​မွေးနဲ့ လူကြီးက အေးတိအေးဆက် လေသံနဲ့ သူ့နာမည်ကိုပြောပြီး ကျွန်တော့် ကုတင်ဘေးက ကုလားထိုင်မှာ ဝင်ထိုင်လိုက်ပါတယ်။

"ငါနာမည်ကို ကြားဘူးတယ်မဟုတ်လား"

ကျွန်တော်က အိပ်နေရာမှ ထထိုင်လိုက်ပြီး ကပျာကယာ ခေါင်းညိတ် ပြလိုက်မိတယ်။

အင်ပိဒေါကလိ(Empedocles)ဆိုတာ ဂရိအတွေးအခေါ်  ပညာရှင်ကြီး တစ်ယောက်ပါ။

သူ့အဆိုအမိန့်တွေထဲမှာ "အချစ်ကြောင့် ရှင်သန်​နေကျပြီး အမုန်းကြောင့် သေကျေပျက်စီးတယ်" ဆိုတာကိုတော့ ကျွန်တော် သဘောကျမိတယ်။

ဒီလို အတွေးအခေါ်  ပညာရှင်ကြီးကို တွေ့လိုက်ရလို့ ပျော်သွားပါတယ်။ ကျွန်တော့် ရင်ထဲမှာ မေးချင်နေတဲ့ မေးခွန်းတစ်ခုလဲ အဆင်သင့်ရှိနေတယ်။

ဒါပေမဲ့ ကျွန်တော် မမေးမိသေးပါဘူး။
ဆရာကြီး အင်ပိဒေါလကိ ပြောတဲ့စကားတွေကိုပဲ နားထောင်နေလိုက်တယ်။

ဆရာကြီးက သူရဲ့ဒဿနဖြစ်တဲ့  Love and Striff ဆိုတဲ့ အကြောင်းကို သေသေချာချာ ရှင်းပြနေတာပါ။ လောကကြီးကို ဓာတ်ကြီးလေးပါးဖြစ်တဲ့ မီး၊ ရေ၊ လေ၊ မြေ စတာတွေနဲ့ ဖွဲ့စည်းထားတယ်။ အချစ်နဲ့ အမုန်း ကတော့ ဓာတ်ကြီးလေးပါးကို ထိန်းကျောင်း ပေးထားတယ်လို့ ဆိုပါတယ်။

အချစ်ကတော့ ဆွဲအားဖြစ်ပြီး အမုန်းကတော့ တွန်းကန်အား ဖြစ်ပါတယ်တဲ့။ အချစ်ဆိုတဲ့ ဆွဲအားကြောင့် ရှင်သန်ကျပြီး အမုန်းဆိုတဲ့ တွန်းကန်အားကြောင့် ပျက်စီးကျရပါတယ်။

You've reached the end of published parts.

⏰ Last updated: Mar 26 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော်နဲ့ အင်ပိဒေါကလိWhere stories live. Discover now