"ဟေ့....ဟေ့ကောင်လေး..မင်း..အဲ့အသားတုန်းမစားဘူးလား"
မျက်လုံးညိုညိုတွေရှိတဲ့ကောင်လေးက မှဲ့နက်ထင်းထင်းတွေရှိတဲ့ကောင်လေးရဲ့ထမင်းဘန်းကိုမေးဆတ်ပြရင်းမေးတဲ့စကား.....
"ငါ အသားမကြိုက်ဘူး"
မှဲ့နက်လေးကခေါင်းခါပြရင်းပြန်ဖြေသည်......
"မင်း သင်္ဘောသီးထောင်းစားနိုင်လား ငါအစပ်မစားနိုင်ဘူး
တကယ်လို့မင်းကြိုက်တယ်ဆိုရင်မင်းရဲ့အသားနဲ့ ငါ့သင်္ဘောသီးထောင်း လဲစားပေးလို့ရမလား....ငါအသားစားရတာမဝလို့"တဖျတ်ဖျတ်ဝင့်ကြည့်လာတဲ့မျက်ဝန်းညိုညိုတွေဟာ အကြောက်အလန့်မရှိသလို နိုင့်ထက်စီးနင်းလုပ်လိုဟန်လည်းမပါ.....
ပကတိကြည်ကြည်စင်စင် စူးစူးလဲ့လဲ့..…..
မျက်ဝန်းညိုတွေကိုတစ်ချက်စူးစိုက်ကြည့်ရင်းမှဲ့နက်လေးကမရဲတရဲခေါင်းညိတ်ပြလိုက်၏..…"ရတယ်"
"ကျေးဇူးပဲ"
အကန့်လေးတွေပါတဲ့စတီးထမင်းဘန်းထဲက တစ်ခုတည်းသောအသားတုန်းလေးကို မှဲ့နက်လေးဟာ မျက်ဝန်းညိုလေးရဲ့ ထမင်းဘန်းထဲပြောင်းထည့်ပေးလိုက်တော့ လစ်လပ်သွားတဲ့အသားတုန်းအကန့်ထဲမှာ အစားထိုးဝင်ရောက်လာတာက သင်္ဘောသီးထောင်းတစ်ဇွန်းမောက်မောက်.......
"အား....အသားကအရသာရှိလိုက်တာ
မင်းနဲ့တွေ့ရတာကံကောင်းတာပဲ ငါဒီမှာနေလာတဲ့တစ်လျောက်လုံးဘယ်သူကမှမင်းလို ကိုယ်စားမယ့်အသားတုန်းသူများမျှကျွေးတာတစ်ခါမှမတွေ့ဖူးဘူးရယ်
ပြီးတော့မင်းကိုလည်းတစ်ခါမှမမြင်ဖူးဘူး
ရောက်တာမကြာသေးဘူးမလား
သင်္ဘောသီးထောင်းစားလေ ဘာလို့လည်းမကြိုက်ဘူးလား"ဟင်းရည်ကိုထမင်းပေါ်လောင်းချကာ အသားဖတ်တဖဲ့နဲ့အတူ ပလုတ်ပလောင်းသွတ်ရင်းမေးလာတဲ့ မျက်ဝန်းညိုလေးရဲ့အမေးကို မှဲ့နက်ကောင်လေးက ခေါင်းဖွဖွရမ်းရင်းပြန်ဖြေသည်.....
"ငါစားလို့မရဘူး နှုတ်ခမ်းပေါက်နေလို့"
"နှုတ်ခမ်းကဘာလို့ပေါက်ရတာလဲ"
"မနက်က ငါ့ကုတင်ဘေးကတစ်ယောက်က သူ့ဘောပင်ပျောက်တာငါခိုးလို့ဆိုပြီး ငါ့ကိုထိုးလိုက်လို့နှုတ်ခမ်းပေါက်သွားတာ"
YOU ARE READING
အသက်ကို.....အသက်တမျှ (completed)
Fanfictionတစ်ယောက်ထွက်သက်ကိုတစ်ယောက်ရှူရှိုက်ရင်း တစ်ယောက်ဒဏ်ရာကိုတစ်ယောက်ကုစားပြီး ဒီနည်းအတိုင်းပဲတစ်သက်လုံးအတူရှင်သန်ကြမယ် ငါတို့တွေက နှစ်ယောက်ပေါင်းမှတစ်ဘဝမဟုတ်လားအသက်ရယ်......