intro

383 40 19
                                    

" မမလို့..ဟင့် "

သူမမျက်လွှာချလိုက်သည့်အခါ ကလေး​လေးက သူ့ကိုကိုကြီးဆီသို့ အသနားခံသည့်မျက်ဝန်းလေးတွေဖြင့်..

" ကိုကိုကြီး ဖွားကိုပြောပေးပါဦး "

ကိုကိုကြီးကလဲ မမနည်းတူယောန်ဂျွန်းအကြည့်တို့ကိုရှောင်လွှဲသွားပြန်သည် ၊ ဖေဖေနဲ့မေမေကိုလဲ အခုလိုမျိုးအကူအညီတောင်းခဲ့ပြီးပြီဆိုပေမဲ့ မမနဲ့ကိုကိုကြီးကတော့ နောက်ဆုံးလက်နက်သာ ၊ ပုံမှန်ဆိုလျှင် ဒီစံအိမ်ကြီးမှာ ဖွားကိုနိုင်တဲ့သူဟာယောန်ဂျွန်းတစ်ယောက်သာဖြစ်ပေမဲ့ အခုတော့သူကိုယ်တိုင်လဲ မစွမ်းနိုင်တော့...

ကျယ်ဝန်းလှတဲ့ဧည့်ခန်းထဲရှိ ကျွန်းရောင်ပြောင်လက်လျက်ရှိသောထိုင်ခုံများကြားတွင် ယောန်ဂျွန်းက ဟိုလူ့ပြေးကပ် ဒီလူ့ပြေးကပ်ဖြင့်စစ်ကူရှာသော်လည်း အားလုံးကသူနဲ့အကြည့်ချင်းပင်မဆုံကြ ၊

ဝမ်းနည်းလာတဲ့ကလေးလေး မျက်ဝန်းထဲတွင် အရည်ကြည်များရစ်သိုင်းကာ နှုတ်ခမ်း​လေးမှာလခြမ်းကွေးကဲ့သို့မဲ့ကျလာပြီး တုန်ရီလို့နေသည် ၊ အိမ်ရဲ့အသည်းအသက်ဆည်းလည်းလေးရဲ့ ဝမ်းနည်းကြေကွဲဖွယ်မျက်နှာကြောင့် မမကလဲလက်ခုံဖွေးဖွေးကလေးဖြင့် မျက်ရည်ခိုးသုတ်ရှာသလို ဆေးရုံတစ်ခုလုံးရဲ့သြဇာအာဏာအကြီးမားဆုံး ပါမောက္ခချွဲဂျယ်ဂျွန်းကိုယ်တိုင်ပင် ယောက်ျားအရင့်အမာကြီးဖြစ်ပါလျက် ဝမ်းနည်းလာတော့သည် ၊ ကလေးလေးက အိမ်ရဲ့အငယ်ဆုံးလေးဖြစ်တာကြောင့် သူမတို့ဘယ်လောက်တောင်ပိုးမွေးသလိုမွေးကာ စောင့်ရှောက်ခဲ့ရသလဲ ၊ ဆရာဝန်ပေါက်စလေးက တာဝန်ချိန်တွေမမှန်တာ တာဝန်ချိန်မှာဂိမ်းခိုးဆော့တာ လူနာတွေကိုစိတ်မရှည်တတ်တာ အလွန်ဆုံးဆေးရုံရုံးခန်းထဲမှာကလေးသဘာဝစူးစမ်းချင်စိတ်ကလေးကြောင့်အရက်လေးခိုးသောက်ခဲ့တာဘဲရှိတာပါ..ဖွားပြောသလို လူဆိုးလေးလုံးဝလုံးဝမဟုတ်သလို ဒီလောက်ကြီးလေးတဲ့ပစ်ဒဏ်တွေကို ခံယူဖို့လဲထိုက်တန်မနေဘူး ၊ ဒါပေမဲ့လဲ ဖေဖေ မေမေတို့အပါအဝင် သူမတို့အကြီးနှစ်ယောက်မှာလဲ စကားတစ်ခွန်းမှမဟရဲတာကြောင့် ကလေးလေးကအကူအညီမဲ့နေရှာသည် ၊ မပြောရဲဆို ကလေးလေးလုပ်ခဲ့တဲ့ပစ်မှုက လူနာစောင့်ကောင်လေးရဲ့ခေါင်းကိုရိုက်ခွဲလိုက်သည်တဲ့လေ...ကလေးသဘာဝလက်တည့်စမ်းမှုလေးဆိုပေမဲ့ 7ချက်တောင်ချုပ်လိုက်ရသည်အထိအားပါသွားခဲ့ခြင်းပင်...

YeonJunie: Dr.Steve's Prettiest Problem (rest)Where stories live. Discover now