1

6.4K 27 1
                                    

ကျနော့်နာမည်က မြတ်မင်း။ ဒီနှစ် ဆယ်တန်းတက်ရမယ့်သူပေါ့။ 9တန်းကိုတော့ အိမ်ကနေပဲကျူရှင်ယူပြီး တက်ခဲ့ပေမယ့် ဆယ်တန်းဆိုတော့ အဆောင်ထားတာပဲ အကောင်းဆုံးဆိုပြီး အဆောင်နေဖို့ဖြစ်လာခဲ့တယ်ပေါ့ဗျာ။

အဆောင်က လေးယောက်တခန်းနေရပြီးတော့ ကိုယ့်ကုတင်နဲ့ကိုယ် စာကြည့်စားပွဲခုံလေးတစ်လုံးနဲ့။
ယောကျာ်းလေးတွေဆိုတော့ ကိုယ့်အိပ်ရာကိုယ်လည်းအတည်တကျမအိပ်ကြပါဘူး ဟိုလူနဲ့အိပ်ဒီလူနဲ့အိပ်‌ အိပ်ကြတာပဲ။

ကျနော်နဲ့ကျနော့်အခန်းဖော်တွေလည်းအဲ့လိုပဲ။ ကျနော်ကတော့သိပ်မအိပ်ဖြစ်ဘဲ ကိုယ့်ဘာသာအိပ်တာများတယ်။ ကျနော့်ဘေးကုတင်က သူငယ်ချင်းက မင်းမောင်တဲ့။

စစချင်းသိကြတုန်းက နာမည်က စာလုံးချင်းတူနေလို့ ဝိုင်းစကြသေး။ မမ ဆိုပြီး။

မင်းမောင်က အရပ်ရှည်ရှည် အသားညိုညိုနဲ့ နယ်ဘက်ကလာတက်တဲ့ကောင်ပေါ့။ ရွာလို့ပြောရမှာပေါ့။
မင်းမောင်က အနေအေးပြီး သူလည်း သူများနဲ့သိပ်မအိပ်တတ်ဘူး။သူ့ဘာသာနေတာများတယ်။

စာသင်နှစ်ဝက်ရောက်တဲ့အချိန်မှာပဲ ကျနော်တို့အဆောင်မှာ suicide case ဖြစ်ပြီး မကျွတ်ဘူးဆိုတဲ့ ကောလဟာလပါ ထွက်လာတော့တာပဲ။

ကျနော်က လူမကြောက်ပေမယ့် သရဲတော့ အရမ်းကြောက်တာ။ တခြားအခန်းလည်းကူးမအိပ်တတ်တာမို့ မင်းမောင်ကို အကူအညီတောင်းရတော့တာပဲ။

"မင်းမောင် ငါနဲ့အတူတူလာအိပ်ပေးပါလား"

"ဘာလို့လဲ"

"ငါကြောက်လို့"

ငယ်ငယ်ထဲက မေမေတို့အခြောက်လွန်တာလားဘာလဲတော့မသိ။ ကျနော့်အကြောက်တရားက သူများထက်ဆိုးသည်။ အိပ်မက်လိုလိုဘာလိုလိုနဲ့ ကြုံရတာတွေလည်းမနည်းတာမို့ သရဲဆို ကျနော့်ကြောက်စိတ်ကမထိန်းနိုင်။

"မင်းကုတင်ဘက်အိပ်မလား။ငါ့ဆီလာအိပ်မလား"

"မင်းအဆင်ပြေရင် ငါ့ဘက်လာအိပ်ပေးပါလား"

အင်း လို့ဖြေပြီးတာနဲ့ သူ့စောင်နဲ့ခေါင်းအုံးယူပြီး ကျနော့်ကုတင်ပေါ်ချလာသည်။

My Beloved Friend Wo Geschichten leben. Entdecke jetzt